3 Idiots

2009 က ထွက်ရှိတဲ့ 3 Idiots ဇာတ်ကား က ပညာရေး တော်လှန်ရေး ဇာတ်ကား လို့ တောင် ဆိုရမယ်။

အလွတ်ကျက် ကြက်တူရွေး သာလိကာ ပညာရေး ကို လှောင်ပြောင်ထား … နားလည်အောင် သင် … နောက်တဆင့် အသုံးချနိုင်အောင် လေ့ကျင့် … ဒီလို ဖြစ်ရမှာ။

ယောကျ်ားလေး မွေးရင် အင်ဂျင်နီယာ Engineer, မိန်းကလေး မွေးရင် Doctor ဆရာဝန် စသဖြင့် မိဘ က သားသမီး အနာဂတ် အတွက် ဆုံးဖြတ်ပေးနေတဲ့ ယဉ်ကျေးမှု ကို လှောင်ပြောင်ထား … သားသမီး ဘာ စိတ်ဝင်စားသလဲ ဆိုတာ မိဘတွေ က စိတ်မဝင်စား … သားသမီး လုပ်နေတဲ့ အရာတွေကို အားမပေး …

ကိုယ့်ကိုယ်ကို ယုံကြည်ချက် Confidence မရှိတဲ့သူတွေ အများသား … ကိုယ့်ရဲ့ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ စိုးရိမ်စိတ်တွေကို ကိုးကွယ်မှု အောက်မှာပဲ ထားရှိပြီး နေထိုင်နေကြတာ။

အိန္ဒိယ ဒါရိုက်တာတွေ ရိုက်လိုက်ရင် Storytelling တအားကောင်းတယ် … ရယ်စရာလေး Humor တွေနဲ့ ပေးချင်တဲ့ သတင်းစကားတွေ Messages တွေကို ထိထိမိမိ ပေးသွားတယ် …

3 Idiots အတိုချုံး

၃ နာရီ နီးပါးလောက် ကြာတဲ့ ဇာတ်ကား ကို အတိုချုံး တာ နာရီဝက်လောက် ကြာတယ် …
အပြည့် လည်း ရှာကြည့်ကြပါ …

Aal Izz Well