ကမ္ဘာ နဲ့ တွက်ပြီး ပြောတဲ့ စကား ဖြစ်လို့ ကမ္ဘာအသင်္ချေ လို့ လည်း ခေါ်ပါတယ် … တစ် နောက်က သုည ၁၄၀ အရေအတွက် ဖြစ်တဲ့ ဂဏန်း အသင်္ချေ မဟုတ်။
တစ် ကမ္ဘာအသင်္ချေ သည် မရေမတွက်နိုင်အောင် များပြားလှသော ကမ္ဘာပေါင်း ဖြစ်ပျက်နေတဲ့ အချိန် ကာလ …
ဘုရား ဖြစ်ရန်
ပါရမီ ဖြည့်ကျင့်ခဲ့တဲ့ အချိန် ကာလ
ဒီပင်္ကရာမြတ်စွာဘုရား သည် ရမ္မဝတီမြို့တွင်းသို့ ရဟန္တာပေါင်း ခြံရံကာ ဆွမ်းခံကြွတော်မူစဉ် ကျွန်ုပ်တို့၏ ဂေါတမမြတ်ဘုရားအလောင်းတော် သုမေဓာရသေ့ သည် ရွှံ့ညွန်ဗွက်တွင် ဘုရားရှင် ချမ်းသာစွာ ကြွနိုင်စေရန် မိမိခန္ဓာကိုယ်ကို တံတားခင်းပေးသည်။ ဒီပင်္ကရာ မြတ်စွာဘုရားကား ဤရသေ့ သူမွန်သည် ဤသာရမဏ္ဍကမ္ဘာမှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း တို့ကို လွန်သော ဘဒ္ဒကမ္ဘာ၌ ဂေါတမအမည်ရှိသော သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ် ဖြစ်လိမ့်မည်ဟု နိယတဗျာဒိတ်စကားကို မိန့်ကြားတော်မူသည်။
နှစ်ကျိပ်ရှစ်ဆူ
နှစ်ကျိပ်ရှစ်ဆူ ဆိုသည်မှာ ဂေါတမ ဘုရားရှင် ဖြစ်လာမည့် သုမေဓါ ရှင်ရသေ့အား နောင် ဘဒ္ဒကမ္ဘာ တွင် ဂေါတမ အမည်ဖြင့် ဘုရားဖြစ်မည် ဟု ဗျာဒိတ်ပေးသော “ဒီပင်္ကရာ” ဘုရားရှင် ပွင့်တော်မူသော သာရမဏ္ဍကမ္ဘာ တွင် ပွင့်တော်မူကြသော ဘုရားရှင်များ မှ ဂေါတမ ဘုရားရှင်အထိ ဘုရားရှင် ၂၈ – ဆူ ကို ဆိုလိုသည်။
လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း
ဒီပင်္ကရာဘုရား နှင့် ကောဏ္ဍညဘုရား အကြား၌ ကုန်လွန်သွားသော ကမ္ဘာ အသင်္ချေ သည် တစ်အသင်္ချေ ဖြစ်၏။
ထို့အတူ ကောဏ္ဍညဘုရား နှင့် မင်္ဂလဘုရား အကြား၌ တစ် အသင်္ချေ။
သောဘိတဘုရား နှင့် အနောမဒဿီဘုရား အကြား၌ တစ် အသင်္ချေ။
နာရဒဘုရား နှင့် ပဒုမုတ္တရဘုရား ?? ပဒုမဘုရား ?? အကြား၌ တစ် အသင်္ချေ။
ရေတွက်လို့ ရတဲ့ ကမ္ဘာ မှာတော့ ကမ္ဘာတစ်သိန်း အကြာမှာ ဂေါတမ မြတ်စွာဘုရား အဖြစ်သို့ ရောက်။
ဘုရား ဖြစ်ဖို့ ဗျာဒိတ်တော်ခံပြီး ဖြည့်ကျင့်ရတဲ့ ပါရမီ အတွက် ရှည်ကြာတဲ့ အချိန်ကာလ ကို ပြောတာပါ။ ပြီးပြည့်စုံဖို့ အတွက် မည်မျှ ပါရမီဖြည့် မည်မျှ အချိန်ပေး မည်မျှ အားထုတ်ရတယ် ဆိုတာကို သိရှိစေနိုင်ပါတယ်။
ကိုးကား
ဝီကီပီးဒီးယား | နှစ်ကျိပ်ရှစ်ဆူ & အသင်္ချေ
Knowledge of Dhamma | လေး အသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရေတွက်ပုံ