7 Principles of Design

https://99designs.com/blog/tips/principles-of-design/

  1. Emphasis
  2. Balance & Alignment
  3. Contrast
  4. Repetition / Rhythm
  5. Proportion
  6. Movement & Unity / Harmony
  7. White Space & Variety

Emphasis

Focal point အဓိက အကြောင်းအရာ … ဒါကြောင့် မို့လို့ စာလုံးကြီးကြီး ထူထူ နဲ့ ဒီဇိုင်း လုပ်လေ့ ရှိတယ်။

ပစ္စည်း အကြောင်း ပြောချင်တာလား ? ပွဲဖိတ်ဖို့ အတွက် လား ?
အမှတ်တံဆိပ် လိုဂို ကို မြင်စေချင်တာလား ? လူ ကို မြင်စေချင်တာလား ?

ဒီဇိုင်း တခု မှာ ရည်ရွယ်ချက် ရှိမှသာ ရည်ရွယ်သလို ဖြစ်အောင် ဒီဇိုင်း ဆွဲမှသာ ဒီဇိုင်း တခု ထိရောက်တယ် ပေါက်တယ် ဆိုတာ ဖြစ်လာမှာပါ။

Balance &
Alignment

ဟန်ချက်ညီ ဘက်မျှ နေဖို့ က ဒီဇိုင်း မှာ အရေးပါ ပါတယ်။

ကို ထည့်လိုက်တဲ့ အရာ Element အခုတိုင်း မှာ အလေးချိန် Weight ရှိနေတယ် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ အရောင် Color, အရွယ်အစား Size, အသွင်အပြင် Texture စသဖြင့် က ဒီဇိုင်း ရဲ့ အလေးချိန်တွေ ပါပဲ။

Symmetrical Design အလယ်မျဉ်း ဘေး၂ဘက် မှာ ဘက်မျှနေရင် ဒီဇိုင်း က ကြည့်ရတာ အဆင်ပြေပါတယ်။ Asymmetrical Design တွေမှာတော့ ဘက်မမျှနေပါဘူး … သူတို့ကျတော့ Composition သုံးပြီး အရွေ့ Movement ကို ပုံဖော်ထားကြလို့ပါ။

Contrast

ဆန့်ကျင့်ဘက် အရောင် နဲ့မှသာ ဒီဇိုင်း က ထင်ပေါ် / ကြွတာ။

Contrast အကောင်းဆုံး က အဖြူ နဲ့ အမည်း ပါ။ အဖြူ နောက်ခံ မှာ အမည်း စာသား က ထင်ပေါ်သလို အမည်း နောက်ခံ မှာ အဖြူ စာသား လည်း ထင်ပေါ် ပါတယ်။

ပုံ သို့မဟုတ် စာသားတွေ ကို ကောင်းကောင်း နဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ ရာ Contrast ကို ဂရုစိုက်ပါ။ ဆန့်ကျင်ဘက် အရောင် အတွဲအစပ်တွေ ကိုသာ အသုံးချပါ။

Repetition /
Rhythm

Pattern ညီ နေပြီး စည်းချက် ကျနေမှ ဒီဇိုင်း က ထည်ဝါတာ။

ဒီဇိုင်း ထပ်တလဲလဲ မပြောင်းဘဲ … ပုံစံ တမျိုးတည်းနဲ့ ဒီဇိုင်း ထပ်တူညီအောင် ပြုလုပ်ထားတာက ဒီဇိုင်း ထည်ဝါ အားကောင်း သွားစေပါတယ်။

Proportion

အချိုးအစား ညီရမယ်။

အနီး အဝေး အလိုက် အရွယ်အစား ကွာခြားမှု … လူ/ပစ္စည်း အရွယ်အစား ကွာခြားမှု တွေက သဘာဝတရား မှာကိုက ရှိပြီးသား … အဲ့တော့ ဒီဇိုင်း တခု က အချိုးအစား မညီဘူး ဆိုရင် ကြည့်မိတဲ့လူတွေက မူမမှန်တာကို ခံစားမိတယ်။

Movement
Unity
Harmony

အရွေ့

ဒီဇိုင်းသမားတွေ က လူတွေ ဘယ်တခု အရင်ကြည့်ပြီး ဘယ်တခု ထပ်ကြည့်စေချင်သလဲ ဆိုတာ ကို အရွယ်အစား နဲ့ ပုံစံ ကို နေရာချ ဒီဇိုင်းဖော်ကြလေ့ ရှိပါတယ်။

F Pattern & Z Pattern ကတော့ အသုံး အများဆုံး ဒီဇိုင်း ပုံစံတွေပါ။

White Space /
Negative Space

နေရာလွတ် / အသက်ရှုဖို့ နေရာ ပေးထားဖို့ လို။

ဒီဇိုင်း တခု မှာ စာတွေ ပုံတွေ နဲ့ ပြွတ်သိပ်နေအောင် ထည့်ထားရင် အခန်းထဲ လူအပြည့် သိပ်ထည့်ထားသလို အသက်ရှူကြပ်တဲ့ ခံစားချက်မျိုး ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ဒီဇိုင်း မှာ နေရာလွတ်တွေ ထားဖို့ ကလည်း အရေးကြီးပါတယ်။

ရိုးရိုးရှင်းရှင်း Minimalism Design တွေဆို ပိုတောင် နေရာလွတ် များလို့ တောင် ဒီဇိုင်း က ပိုမိမိုက်နေနိုင်ပါတယ်။