အောင်မြင်သူတွေရဲ့ စရိုက် (၈) မျိုး

Richard St. John

Speaker | Marketing & Communication Expert

အရင်ဆုံး ကိုယ့်ဘာသာကိုယ် မိတ်ဆက်တာ အရမ်း Over ဖြစ်မနေဘူး။

Success အောင်မြင်မှု ?

ဇာတ်လမ်း အဖြစ်အပျက် ကို ပြောပြနေရင်း အောင်မြင်မှု Success ကို အဓိပ္ပါယ် ဖွင့်သွားတယ်။

တစ်ယောက် နဲ့ တစ်ယောက် အဓိပ္ပါယ် ဖွင့်ပုံ မတူကြဘူး။ တော်တော်များများ ငွေကြေးနဲ့ပဲ တိုင်းတာကြတယ်။ အောင်မြင် ချမ်းသာသူတွေကတော့ ငွေနောက်လိုက်တာ မဟုတ်ဘဲ အလုပ်ကောင်းကောင်း လုပ်ပြီး ငွေက နောက်ကပါလာတာ။

Not Good Enough မတော်ဘူး

အချို့တွေကျတော့ ကိုယ့်ဘာသာကိုယ် အထင်မကြီးဘူး။ မတော်ဘူး မတတ်ဘူး ဆိုတာချည်း ပါးစပ်က တဖွဖွ ပြောနေသလို မလုပ်နိုင်ဘူး မဖြစ်နိုင်ဘူး ဆိုတဲ့စိတ်ကလည်း ကပ်နေတယ်။

ဒါပေမယ့် Richard St. John အနေနဲ့ သူလည်းပဲ အတော် အတတ် မဟုတ်ပေမယ့်လည်း အရာရောက် အောင်မြင်အောင် လုပ်နိုင်ပုံ ကို ဥပမာပေး ပြောပြသွားပါတယ်။

So if I can do it, you can do it.
ငါ တောင်မှ လုပ်နိုင်တယ် ဆိုရင် မင်းတို့လည်း လုပ်နိုင်မှာပါ။

Richard St. John

ဘယ်လို အောင်မြင်အောင် လုပ်ရသလဲ ?

ဘယ်လိုလုပ် ဖြစ်လာသလဲ ဆိုတာ သတိမထားမိတော့ မပြောနိုင်လိုက်ဘူး။ အဲ့တော့ အရမ်းအောင်မြင်သူတွေကြားထဲ ရောက်သွားချိန်မှာတော့ အင်တာဗျူး ဖို့ အကြံရလာပါတယ်။ မေးမြန်းဖို့ က ဂျာနယ်လစ် သတင်းထောက်လည်း မဟုတ်တော့ ဖြေမှ ဖြေပါ့မလား လို့ တွေးမိတယ်။ အစ က ဘာမေးလို့ မေးရမှန်း မသိတာကနေ ၁၀နှစ်အတွင်းမှာ လူ ၅၀၀ ယောက်လောက် နဲ့ မျက်နှာချင်းဆိုင် မေးမြန်းဖြစ်တယ်။ နယ်ပယ်အစုံ၊ လုပ်ငန်းအစုံ က လူတွေပါတယ်။

မေးမြန်းထားတာတွေကို ဖြစ်နိုင်ချေ ရှိတဲ့ Success Factors တွေ စုစည်း Sorted ပြီး ခွဲခြားစိတ်ဖြာ Analyze လုပ်လိုက်တဲ့အခါမှာတော့ မေးခွန်း ရဲ့ အဖြေ ကို ဖြေနိုင်သွားပါတယ်။

8 to be GREAT

Image Source: ABC of Success

8 Traits of Successful People in common / 8 to be GREAT
အောင်မြင်သူတိုင်းမှာ ရှိတဲ့ စရိုက် (၈) ခု / ဆရာကြီး ဖြစ်ဖို့ (၈) ချက်

  1. Passion: Love what you do.
    စွဲလန်းခြင်း – ချစ်တဲ့ အလုပ် ကို လုပ်။ လုပ်တဲ့အလုပ် ကို ချစ်။
  2. Work: Really hard.
    တကယ် ကြိုးကြိုးစားစား လုပ်။
  3. Focus: On one thing, not everything.
    ၁ခု ထဲပဲ အာရုံစိုက်လုပ်။ အများကြီး အာရုံ မစိုက်နဲ့။
  4. Push: And keep on pushing yourself.
    ကိုယ့်ဘာသာကိုယ် မောင်း။ တွန်းအားပေး။
  5. Ideas: Come up with good ideas.
    အကြံကောင်း ဉာဏ်ကောင်းတွေ ရှာ။
  6. Improve: Keep improving yourself & what you do.
    ကိုယ့်ဘာသာကိုယ် တိုးတက်အောင် လုပ်။ ကိုယ့်လုပ်တဲ့ အလုပ် ကိုလည်း တိုးတက်အောင် လုပ်။
  7. Serve: Serve others something of value.
    တန်ဖိုး ရှိတာ ပေးနိုင်အောင် ဝန်ဆောင်မှု ပေး။
  8. Persist: Because there is no overnight success.
    ဇွဲလုံ့လ ရှိရှိနဲ့လုပ်။ ဘာလို့လည်း ဆိုတော့ နေ့ချင်းညချင်း အောင်မြင်မှု ရတာ မရှိလို့ပါ။

ဒီ စရိုက် (၈) ခု ဟာ အောင်မြင်မှု Success ရဲ့ နှလုံးသား Heart (သို့) အောင်မြင်မှု ရဲ့ အခြေခံ အုတ်မြစ် Foundation

ကျွမ်းကျင်မှု Skill

အောင်မြင်မှု နှလုံးသား အပေါ်မှာတော့ သူတို့ နယ်ပယ် အလိုက် လိုအပ်မယ့် ကျွမ်းကျင်မှုတွေ ရှိပါမယ်။

  1. Technical Skills
    နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု
  2. Analytical Skills
    ခွဲခြမ်းစိတ်ဖြာ တွေးတောချင့်ချိန်ခြင်း
  3. People Skills
    လူမှုဆက်ဆံရေး ပညာ
  4. Creative Skills
    ဖန်တီးမှု အနုပညာ
  5. Management Skills
    စီမံခန့်ခွဲမှု ဆိုင်ရာ ကျွမ်းကျင်မှု
  6. Computer Skills
    ကွန်ပျူတာ ကျွမ်းကျင်မှု

TED Talk – Monterey, California on Feb 2005