အပျော်စီး လှေများ ငှားရမ်းသော စခန်း တွင် ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်သား က မိုက်ကရိုဖုန်း မှ တစ်ဆင့် အော်နေသည်။
လှေနံပါတ် 99 ၊ ကမ်းဘက် ကို ပြန်လှော်ခဲ့ပါ။ ခင်ဗျား ရဲ့ အချိန် ကုန်သွားပါပြီ။
အချိန် အနည်းငယ် ကြာသွားသည်။ လှေ ကမ်းဘက် ပြန်မကပ်လာချေ။
လှေနံပါတ် 99 ၊ အမြန်ဆုံး ကမ်း ပြန်ကပ်ပါ။ ဒါမှမဟုတ်ရင် ခင်ဗျား ဆီက အချိန်ပိုခ ထပ်တောင်းရပါလိမ့်မယ်။
ကယ်ဆယ်ရေး သမား ၏ အကူ ချာတိတ် က သူ့ဆရာ ကို ပြောသည်။
ကျွန်တော်တို့ စခန်း မှာ လှေ 75 စီးပဲ ရှိတယ်။ ဘယ်က နံပါတ် 99 ရောက်လာတာလဲ
ကယ်ဆယ်ရေး သမား ခေတ္တမျှ မှင်သက်မိသလို ဖြစ်သွားသည်။ ထို့နောက် ရေထဲ ပြေးဆင်းသည်။ ပါးစပ် မှလည်း အော်လိုက်ပုံက
လှေနံပါတ် 66 ၊ ခင်ဗျား တစ်ခုခု ပြဿနာ ပေါ်နေသလား ?