လူတွေဟာ မွေးကတည်းက ကိုယ့်ခြေထောက် ပေါ် မရပ်တည်နိုင်ကြပါဘူး။ မိဘ (သို့) ပြုစုတဲ့သူ ပေါ် Dependent မှီခိုသဟဲ ပြုရပါတယ်။ အဲ့အတွက်ကြောင့်ပဲ ကိုယ့်စိတ်ဆန္ဒ တခုခု ကို သူတို့ ဆန္ဒ နဲ့ မကိုက်တဲ့အခါမှာ Independent မမှီခိုဘဲ ကိုယ့်ခြေထောက် ပေါ် ကိုယ့်ဘာသာကိုယ် ရပ်တည်ချင်လာတာမျိုးတွေ ရှိလာပါတယ်။ ဒါကလည်း Maturity ရင့်ကျက်မှု အရ ရှိသင့် ပြောင်းလဲသင့် ပါတယ်။
No man is an island
ဘဝတွေ ဖြတ်သန်းလာတဲ့အခါမှာ “No man is an island” ဆိုတဲ့ စကားလေး အတိုင်း တယောက်တည်းနဲ့ ဘဝ လုပ်လို့ မရပါဘူး။ လူတွေနဲ့ Communication ပေါင်းသင်းဆက်ဆံရပါတယ်။
Project အလုပ်ကြီးတွေ လုပ်ဖို့ ဆို ပိုလို့တောင် အချိတ်အဆက် လုပ်ဖို့ လိုအပ်တယ်။ System စနစ်တွေ ရှိဖို့ လိုအပ်တယ်။ Process လုပ်ရိုးလုပ်စဉ်တွေ ရှိဖို့ လိုအပ်တယ်။ အပြန်အလှန် ဖေးမ ကူညီမှုတွေ လိုအပ်တယ်။ သက်ဆိုင်ရာ ကျွမ်းကျင်မှု ရှိသူတွေ လိုအပ်တယ်။ တယောက် အားနည်းချက် တယောက် အားဖြည့်ပေးဖို့တွေ လိုအပ်တယ်။ Team အသင်းအဖွဲ့တွေ မှာ Interdependent ရှိကြရမှာပါ။
Interdependent = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ
တယောက် နှင့် တယောက် ကျေးဇူးတရား အပြန်အလှန် ရှိကြတာမျိုးပါ။
ဝန်ထမ်းတွေ အတွက် သူဌေး ကပဲ တဖတ်သက် ကျေးဇူး ရှိသလိုမျိုး မဟုတ်ပါဘူး။ ဒီဝန်ထမ်းတွေကြောင့်ပဲ သူဌေး နှင့် စီးပွားရေး ရပ်တည်နိုင်တာမျိုးပါ။ သူဌေး နဲ့ စီးပွားရေး ရပ်တည်နိုင်လို့ ဝန်ထမ်းတွေ အလုပ်ပေးနိုင် လစာပေးနိုင်တာမျိုးပါ။ ဒါက အပြန်အလှန် နှစ်ယောက်ကြား ရှိရမယ့် ကျေးဇူးတရား ပါ။ နှစ်ယောက်စလုံး က ကျေးဇူးတရား သိတတ်ဖို့ လိုပါတယ်။ တဖက်သတ်ဆန်ခြင်း/အစွန်းရောက်ခြင်း ဟာ ဘယ်အရာမှ မကောင်းပါဘူး။
Dependent >>>> Independent >>>> Interdependent
Less Maturity —————————> Most Maturity
Dependent ………… Interdependent ………… Independent
အစွန်းရောက် …….. အလယ်အလတ်လမ်းစဉ် ……. အစွန်းရောက်