အစ္စရေး နှင့် ပါလက်စတိုင်း

ပြဿနာ ဖြစ်တယ် ဆိုတာ အတိတ်သမိုင်းကြောင်း လည်း သိမှ ဇာတ်ရည် လည်မယ်။ ဗီဒီယို မှာ အချိန်တိုတို အတွင်း အတိတ်သမိုင်းဖြစ်ရပ် နှင့် လက်ရှိအခြေအနေတို့ကို ရှင်းလင်း ပြောဆိုထားတယ်။

Leon Uris – Exodus

ကမ္ဘာကျော် ဂျူး စာရေးဆရာ Leon Uris က Exodus ဂျူးသမိုင်း၊ နှင့် နှစ်ပေါင်း ၂၀၀၀ ကျော် တိုင်းပြည် ပျောက်ဆုံးနေရာ ကနေ အစ္စရေးနိုင်ငံ ထူထောင်ဖို့ ကြိုးပမ်းမှု၊ တွေ့ကြုံရတဲ့ အခက်အခဲ၊ တိုက်ပွဲများကို သမိုင်းနောက်ခံထားပြီး ရေးသားထားတဲ့ စာရေးဆရာ ရဲ့ အကျော်ကြားဆုံး အထင်ရှားဆုံး ဝတ္ထုရှည် ဖြစ်ပါတယ်။ စာရေးဆရာ မောင်မိုးသူ က “အိပ်ဇိုးဒပ် – နိုင်ငံတစ်ခု မွေးဖွားခြင်း” ဆိုတဲ့ နာမည်နဲ့ ဘာသာပြန် ရေးသားခဲ့ပါတယ်။

Leon Uris – The Haj

📷© WE DISTRIBUTION

Leon Uris သည် Exodus ရေးသားပြီး နောက်ပိုင်း The Haj ကို ရေးသား ထုတ်ဝေခဲ့ပါသည်။ The Haj သည် Exodus အဆက် မဟုတ်ပါ။ Exodus ရဲ့ အခြားတဖက်ခြမ်း ဇာတ်လမ်း ပါ။

ပါလက်စတိုင်း ဒေသတွင် နေထိုင်ကြသည့် အာရပ်လူမျိုးများ သူတို့ဒေသကို ဆုံးရှုံးရတာကို ဖွဲ့ဆိုထားတဲ့ ဝတ္ထုရှည် ဖြစ်ပါတယ်။ စာရေးသူ သည် ဂျူးလူမျိုး ဖြစ်သော်လည်း ပါလက်စတိုင်း အာရပ်လူမျိုးများဘက်မှ ကြေကွဲစိတ်၊ သနားစိတ်၊ မချင့်မရဲစိတ်၊ ဒေါသစိတ် တို့ဖြင့် ရေးသားထားတာ တွေ့ရမှာပါ။

ဆရာ မောင်မိုးသူ က “အကြီးအကဲ – နိုင်ငံတစ်ခု ပျက်သုဉ်းခြင်း” နာမည် ဖြင့် ဘာသာပြန်ဆို ရေးသားခဲ့ပါသည်။
[မဖတ်ရသေး – ဖတ်ရန်]