🎵ဒါဟာသစ္စာ🎵
✍️🎙️ စာဆို
လမ်းခွဲဖို့ အကြောင်းဖန်ပြီလား ?
ညှိမရတဲ့ ဒီပြဿနာ
သွေးခွဲတဲ့ သူစိမ်းတွေရဲ့ စကား
မစဉ်းစားဘဲ ယုံလိုက်တာ
သံယောဇဉ်လက်ကျန်လေးတွေ ဘယ်နားမှာ
သစ်စိမ်းချိုး ချိုးလေပြီလား ?
ကြည်ဖြူတာ မကြည်ဖြူတာ သဘောပါ။
အစ ကတည်းက အနုတ်လက္ခဏာ
နာကျင်မယ်ဆိုတာ သိလည်းမမူပါ။
ငါ ချစ်တဲ့စိတ် တခုတည်း
အသားပေးလို့ နေမယ်။
ဒါဟာ သစ္စာ …
ဒါဟာ သစ္စာ …
မင်းသမီး ရဲ့ စိတ်အလိုတော်ကျ
အမှုထမ်းမည့် လူသားဘဝ
ဆုံးဖြတ်ထား တသက်တာ ထာဝရ
အခုကျတော့ ငိုကြွေးကာ
မျှော်လင့်ချက်တွေ မျက်ရည်နဲ့ မြောပါ
လေပြေလေးများနဲ့ အဝေးကို ထွက်သွား