.\rrr\uu Review on Retribution
Liam Neeson သရုပ်ဆောင်ချက် က အသက်ဝင်တော့ ဇာတ်ထဲမှာ မြောသွားတယ်။ ဇာတ်ကား က ကောင်းလှချည်ရဲ့ တော့ မဟုတ်ဘူး။ ဒီအတိုင်းပဲ ကြည့်ဖြစ်လိုက်တာ။
Matt Turner က အများပြည်သူငွေတွေကို မြတ်နိုင်တဲ့ စတော့ မှာ ရင်းနှီးမြှပ်နှံတဲ့ Stock Trading Fund က ငွေကိုင် တယောက်။ အလုပ်ရှုပ်လွန်းလို့ မိသားစု ကို အချိန် မပေးနိုင်။ မိသားစု နဲ့ အဆင်ပြေတယ် ထင်ပေမယ့်လည်း တကယ်တမ်း ကျတော့မှ မိန်းမ က ကွာရှင်းဖို့ လုပ်နေတာ သိသွားတော့မှ ဆွံ့အသွားရ။ ရပ်တည်ချက်ခြင်း မတူလို့ ဘက်ကွဲပေမယ့်လည်း အခက်အခဲ ကြုံလာတော့လည်း မိသားစု ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတူတူ ဖြစ်သွားကြတာပဲ။
Turbulence is Inevitable
Turbulence is inevitable.
When everyone runs from the fire, you run to it.
လှိုင်းထန်တာ ကတော့ မလွှဲမရှောင် တာပဲ။
လူတွေ မီးလောင်ရာ က ထွက်ပြေးကြတဲ့အခါ … ငါတို့က မီးဆီ ပြေးရမှာပဲ။
Risk ဆုံးရှုံးနိုင်ခြေ များရင် အရှုံး များနိုင်သလို မြတ်ပါကလည်း အမြတ်လည်း များပါတယ်။
Risk နည်းတယ် ပြောတာက ဆုံးရှုံးနိုင်ခြေ နည်းပြီး အမြတ် နည်းပါတယ်။
Be Fearful when others are Greedy &
Warren Buffett
Greedy when others are Fearful.
လူတွေ လောဘကြီးတဲ့ အချိန် မှာ ကြောက်ပါ။
လူတွေ ကြောက်တဲ့ အချိန် မှာ လောဘကြီးပါ။
Translated by .\rrr\uu
Warren Buffett ဝါရင်းဘူဖတ် ဆိုလိုတာက လူတွေ ဒီစတော့ကို လောဘနဲ့ ဈေးပေးလိုက်ဝယ်နေပြီ ဆို သတိထားနေပါ။ လိုက်မဝယ်မိပါစေနဲ့။
I can’t
သေနတ်ပေးထားပြီး သူ့ဘော်ဒါ ကို သတ်ခိုင်းတယ်။ ဒါပေမယ့် နှစ်ယောက် အကွာအဝေး က အဝေးကြီး၊ ဟိုဘက်ကလည်း ကားပေါ်မှာ ဖြစ်တော့ ပစ်ရင်တောင် မှန်ဖို့က သိပ်မဖြစ်နိုင်တဲ့ အနေအထား …
ကိုယ့်ဘော်ဒါ ကို ပစ်သတ်မလား ဒါမှမဟုတ် ကိုယ့်ကလေး၂ယောက်နဲ့အတူ ကိုယ်တွေ ဗုံးခွဲ အသေခံမလား အခြေအနေ ၂မျိုး ကို ရွေးခိုင်းတာ။ ဒီလိုမျိုးမှာ အတွေးတွေက တန်ဖိုးထားမှု နဲ့ ကိုယ်ကျင့်တရားတွေ ပေါ် မူတည်ပြီး ဆုံးဖြတ်ကြတာ များတယ်။ ကိုယ်သေရင်သေ၊ ကိုယ့်ကလေး၂ယောက်တော့ အန္တရာယ်ကင်းစေချင်တဲ့ ဖခင်တယောက်၊ ကိုယ့်ကလေးအသက်ကြောင့် မဆီမဆိုင် အခြားသူ၁ယောက် ကို သတ်ရတာက ကိုယ်ကျင့်တရား အရ မဖြစ်သင့်ဘူးလေ။ ကလေးတွေကို သူ မချစ်တာ မဟုတ်ပါဘူး။
Cinderella’s Slipper
If Cinderella’s slipper fit so perfectly, so why did it fall off ??
စင်ဒရဲလား ဖိနပ် က ကွက်တိကျနေရင် ဘာကြောင့်မို့လို့ ကျွတ်ကျရတာလဲ ??
ကိုယ်တွေ ပြောလိုက်တဲ့ မြတ်မယ် ဆိုတဲ့ စတော့ရှယ်ယာတွေ က စကား ရှေ့နောက်မညီ။ စင်ဒရဲလား ပုံပြင် လိုပဲ … အပြောကောင်းလို့ သာ ပါသွားတယ်။ မေးခွန်းထုတ်စရာတွေ က ရှိသေး။ လူကို ယုံလို့သာ သူ့အပြောအတိုင်း လိုက် ရင်းနှီးမြှပ်နှံပြီး စတော့ရှယ်ယာ ဝယ်လိုက်ရတာ။
Business we’re in
You know that what business we’re in, Matt.
It’s kill or be killed, your words.
မက်စ် မင်းလည်း သိတာပဲ … ငါတို့ လုပ်နေတဲ့ လုပ်ငန်း က …
သတ်ရင် သတ် … မဟုတ်ရင်တော့ အသတ် ခံရမှာ …
စတော့ရှယ်ယာ ဝယ်ရောင်း Stock Trading လုပ်တာ ဆိုတာကလည်း အလောင်းအစား Gambling လိုပါပဲ။ တဖွဲ့ က “ကခဂ” ကုမ္ပဏီ စတော့ရှယ်ယာဈေး တက်တဲ့ဘက် လောင်းတယ်။ အခြား တဖွဲ့ က ကျတဲ့ဘက် လောင်းတယ်။ ဈေးကွက် Demand & Supply ပေါ် မူတည်ပြီး အရှုံးအမြတ်တွေ ဖြစ်တယ်။ ကိုယ်တွေ မြတ်ရင် … ဘက်မတူတဲ့ဘက်ကတော့ ရှုံးမှာပဲ။