အစည်းအဝေး

ကျွန်တော်တို့ဟာ..လူကြီးတွေက လွှတ်လို့ အစည်းအဝေးမျိုးစုံကို သွားသာ သွားတက်နေရတယ်..Workshop, Conference, Seminar, Forum ဆိုတာ ဘယ်လိုတွေ မတူလို့ ဘာတွေကွဲပြားသလဲ..မသိကြဘူး..ကဲ..သိထားတာလေးတွေကို သိကြစေဖို့ မျှဝေလိုက်ပါတယ်..လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါတယ်ခင်ဗျာ..

Conference

Conference ဆိုသည်မှာ တက်ရောက်သူများ၏ သတင်းအချက်အလက်များ၊ အမြင်များ စသည်တို့ကို မျှဝေသည့် သမားရိုးကျ အစည်းအဝေးဖြစ်သည်။ တစ်ရက်သာကြာသည့် အစည်းအဝေးဖြစ်နိုင်သလို ထို့ထက်လည်း ကြာနိုင်ပြီး ပုံမှန်အားဖြင့် စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ နယ်ပါယ် အကြောင်းအရာများကို ဆွေးနွေးကြခြင်းဖြစ်သည်။

Congress

Congress ဆိုသည်မှာ နိုင်ငံရေး၊ ကုန်သွယ်ရေး အဖွဲ့အစည်း အသီးသီးများမှ နယ်ပါယ်အလိုက် တိကျခိုင်မာသည့် လှုပ်ရှားဆောင်ရွက်မှုများအပေါ် အမြင်များ ဖလှယ်သည့်အနေဖြင့် ဆွေးနွေးသော အစည်းအဝေးတစ်ခုဖြစ်ပါသည်။

Seminar

Seminar ဆိုသည်မှာ သင်တန်းများအပါအဝင် ပညာရပ်ပိုင်းဆိုင်ရာ နောက်ခံ အခြေခံရှိသော နည်းပညာဆိုင်ရာ ဗဟုသုတများ အပေါ် ဆွေးနွေးခြင်း နှင့် အမြင်ဖလှယ်ခြင်းများ ဆောင်ရွက်သည့် အစည်းအဝေးတစ်ခုဖြစ်သည်။

Symposium

Symposium ဆိုသည်မှာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာ ဘာသာရပ်များ အသီးသီး အပေါ် ဦးဆောင် ဟောပြော ဆွေးနွေးကြသည့် အစည်းအဝေး ဖြစ်သည်။

Workshop

Workshop ဆိုသည်မှာ ပညာရပ်ဆိုင်ရာနယ်ပါယ်တစ်ခုတွင် လေ့ကျင့်သင်ကြားထားသော လူ အုပ်စုများက စိတ်ပါဝင်စားသည့် အကြောင်းအရာတစ်ခုကို တိုးတက်ဖွံ့ဖြိုးစေရန် အတွက် နည်းလမ်းများကို လေ့လာရန်ပြုလုပ်သည့် ဆောင်ရွက်မှုမျိုးဖြစ်သည်။

Summit

Summit ဆိုသည်မှာ ကြိုတင်စီစဉ်ထားသော အခမ်းအနားအစီအစဉ်များနှင့်တကွ နိုင်ငံတော်အဆင့်အကြီးအကဲများ တွေ့ဆုံဆွေးနွေးရန် လုံခြုံရေးအထူးတင်းကြပ်ခြင်း၊ကြီးမားသည့် သတင်းထုတ်ပြန်ခြင်းများပါဝင်သည့် ထိပ်သီးအစည်းအဝေးဖြစ်သည်။

Forum

Forum ဆိုသည်မှာ တက်ရောက်သူများ စားပွဲဝိုင်းအသွင်ဖြင့် စကားပြောဆိုဆွေးနွေးငြင်းခုန်ခြင်းများ ဆောင်ရွက်သည့် ပုံစံဖြစ်ပြီး အထူးသဖြင့် ပါဝင်တက်ရောက် ဆွေးနွေးသူများ၏ အခွင့်အာဏာ နှင့် လုပ်ကိုင်ဆောင်ရွက်ခွင့်များကို ခွင့်ပြုထားသည်။