EV NET App

EV NET အက်ပလီကေးရှင်း မှာ Electric Vehicle (EV) နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တော်တော်များများ ပါတဲ့ အပြင် လက်တွေ့ဘဝ မှာလည်း အသုံးတည့်တဲ့ သတင်းအချက်အလက်တွေလည်း ပါဝင်ပါတယ်။

EV NET app ကို Grand Sirius ကုမ္ပဏီလီမီတက် ကနေ ထုတ်တာပါ။

https://www.evnetmyanmar.com/

iOS & Android ၂ခု စလုံး အတွက် App ရှိပါတယ်။

EV NET App

Stations

EV Charging Stations တွေကို နာမည်၊ တည်နေရာ၊ ရရှိနိုင်တဲ့ အချိန်၊ ကိုယ့်ကား Charging Port အမျိုးအစား နဲ့ ကိုက်မကိုက် စတဲ့ သတင်းအချက်အလက်တွေ ဖော်ပြပေးထားတယ်။

ဟိုတယ် နှင့် စားသောက်ဆိုင် ကိုလည်း သူတို့ ကုမ္ပဏီ နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ကမ်းလှမ်းထားတယ်။ သူတို့က Charging Station တပ်ဆင်ပေးထားမယ်။ အဲ့အတွက် ညှိနှိုင်းဆောင်ရွက်မယ်။ ဒါကတော့ ရှင်းရှင်းလင်းလင်း မဖော်ပြထားဘူး။

အားသွင်းအသုံးပြုသူ အနေနဲ့ကတော့ မန်ဘာ အရင် ဝင်ပြီးမှ အားသွင်းတဲ့ ဝန်ဆောင်မှု ယူလို့ ရတဲ့ အခြေအနေမျိုး။ ဖြစ်စေချင်တာက သူတို့ App ကို EV user တွေတိုင်း ကို အသုံးပြုစေချင်တာ။ မန်ဘာကြေး က ၁နှစ်စာ နဲ့ တသက်စာ ရှိတယ်။ ဝင်ပြီးမှ Kpay နဲ့ ကျသလောက် ကလည်း ရှင်းရအုံးမယ်။

Taxi

Coming Soon … လောလောဆယ် Beta version ထဲမှာ ပါမလာသေးဘူး …

Brands

EV ရောင်းချသူ Showroom, တဆင့်ပြန်ရောင်းချလိုသူ Seller တွေနဲ့လည်း ဆက်သွယ် ဝယ်ယူလို့ ရမယ့် အနေအထားပါ။
Tesla တော့ ရှာကြည့်သလောက် မပါလာသေးဘူး။

EV Mall

အိမ်သုံး AC Charging Station, လုပ်ငန်းသုံး DC Charging Station, အခြား ဆက်စပ်ပစ္စည်းတွေလည်း ရောင်းတယ်။

EV NET App by Sta Vlog

Sta Vlog က ကိုစည်သူအောင် ကတော့ စကားပြော တင်ဆက်ပုံ ပျင်းစရာ မကောင်း … အချက်အလက်တွေတိုင်း ကို တင်ဆက်နိုင်တယ်။ ဖုန်းစကရင် ကို Vlog ထဲမှာ ခွဲထည့် တင်ဆက်သွားတာ ကောင်းတယ် …

နောက်ဆုံးပိုင်းလေး မှာ ဖုန်းနံပါတ်၊ အီးမေး ဖျောက်ဖို့ သူ့ Video Editing သမား ကို ပြောလိုက်တဲ့ ဗီဒီယို အပိုင်းအစလေး တွေ့ရတယ်။ App Sign Up လုပ် အချက်အလက်ဖြည့်တာကိုတော့ ဝါးထားတယ် … ဒါပေမယ့် နောက်နားလေးမှာ App အကြောင်း ပြောတော့ သူ့ ဖုန်းနံပါတ် နဲ့ အီးမေး က အထင်းသား – မဝါးမိ။

.\rrr\uu’s Remarks