Trigger လှုံ့ဆော်မှု တစ်ခု ကြောင့် တခုခု စလုပ်ဖြစ်တယ်။
လုပ်ပါများလာရင် သို့မဟုတ် လုပ်လာရင်း Habit အကျင့် ဖြစ်သွားတယ်။
Habit အကျင့် က ကြာလာရင် Routine ပုံမှန် နေ့စဓူဝ (နေ့တိုင်း၊ အပတ်တိုင်း၊ လတိုင်း) ဖြစ်လာတယ်။
Routine တွေကလည်း ကြာလာရင် ကိုယ့် Lifestyle လူနေမှုဘဝပုံစံ ဖြစ်လာတယ်။
01 Diminish Returns
Stop doing something just because you have to.
အရှုပ်လုပ်ရင် အရှုပ်ထုပ်ပဲ ပြန်ရ ပိုက်မိနေမှာပါ။ သင် လုပ်စရာ ရှိလို့ (သို့) လုပ်ရမှာမို့လို့ လုပ်ရတာမျိုးတွေ ရပ်လိုက်ပါ။ မလုပ်ပါနဲ့တော့။
Garbage in, Garbage out (GIGO) အရှုပ်လုပ်ရင် အရှုပ်ထုပ်ပဲ ပြန်ရ ပိုက်မိနေမှာပါ။
သင် ရည်ရွယ်ချက် Purpose & လမ်းကြောင်း Career ရှိနေဖို့ လိုတယ်။ ကို လုပ်ချင်တာလုပ်ရင် ဖြစ်ချင်တာ ဖြစ်နေမှာပါ။ ကို ဖြစ်ချင်တာ သိမှ၊ အဲ့အတွက် ကို လုပ်သင့်တာတွေ လုပ်ရမှာတွေ လုပ်ပြီး လမ်းကြောင်း ပေါ် ရောက်လာမှာပါ။
02 Wake Up Early
Have more time & energy for your activities.
မနက်စောစော ထပါ။ သင် လုပ်စရာ ရှိတာတွေ အတွက် အချိန် နှင့် စွမ်းအား/စွမ်းအင် ပိုရတာပေါ့။
Early Bird စောစောထတဲ့ ငှက် အစာ ပိုရှာရလွယ်တယ်တဲ့။ အောင်မြင်သူ အများစု ဟာ စောစောအိပ် စောစောထ တတ်တဲ့သူတွေ များတယ်။ Night Owl ညဇီးကွက် တွေလည်း ညကျမှ တိတ်တိတ်ဆိတ်ဆိတ် အေးဆေးဖြစ် အလုပ်လုပ်တတ်တဲ့သူတွေလည်း ရှိပါတယ်။
03 Meditate
Helps you understand yourself better and relaxes you.
တရားမှတ်/ထိုင်ပါ။ တရားမှတ်ခြင်း/ထိုင်ခြင်း က သင့်ကိုယ်သင် ပိုနားလည်စေပြီး စိတ်ဖြေလျော့စေပါတယ်။
စိတ်ရှုပ်လေလေ မအားလေလေ၊ ပို တရားမှတ်သင့်လေလေ ပါပဲ။
တရားထိုင်/မှတ် လို့ ဘာ အကျိုးကျေးဇူးတွေ ရသလဲ ဆိုတော့ မရပါဘူး။ ဆုံးရှုံးသွားတာတွေပဲ ရှိပါတယ်။
ဘာတွေ ဆုံးရှုံးသွားလဲ ဆိုတော့ Anger ဒေါသ၊ Anxiety စိတ်ပူပန်သောကများ၊ Insecurity စိတ်မလုံခြုံ မအေးချမ်း၊ Fear of Old Age အိုမှာကြောက်ခြင်း၊ Fear of Death သေမှာကြောက်ခြင်း တွေပဲ ဖြစ်ပါတယ်။
04 Practice a Skill
It will help you train your brain and/or body.
ကျွမ်းကျင်မှု ရှိအောင် လေ့ကျင့်ပါ။ ဒါက သင့် ကိုယ်ရော စိတ်ရော လေ့ကျင့်ပေးရာ ရောက်ပါတယ်။
စစချင်းမှာ မှန်ဖို့ ပဲ ဂရုစိုက်ပါ။ မြန်ဖို့ မလိုပါဘူး။ မှန်နေတာ လုပ်ပါများလာရင် မြန်လာပါလိမ့်မယ်။
အတွေ့အကြုံ Experience ကနေ လက်တွေ့ Skill ကျွမ်းကျင်မှု ကို သင်ယူ၊ လေ့ကျင့် လို့ရတယ်။ ကားပြင်ဆရာ ပြင်တာ လိုက်ကြည့် လိုက်ပြင်ရင်းနဲ့ အလားတူ ပုံစံမျိုး ဆို ကိုယ်တွေလည်း ပြင်နိုင် ပြင်တတ်ပါတယ်။ ဒါပေမယ့် အခြား ပြဿနာ လာရင် သို့မဟုတ် ကားတံဆိပ် မတူတော့ရင် လျှောက်စမ်းရပါတော့တယ်။ အဲ့မှာ ကားပျက်ဆီးတာတို့ စသဖြင့် မမျှော်မှန်းနိုင်သော Risk တွေ ရှိလာပါတယ်။
ဒါကြောင့် စာတွေ့ / အသိ Knowledge ရှိဖို့ လိုပါတယ်။ စာတွေ့ လက်တွေ့ ပေါင်းစပ် ဆက်စပ်နိုင်မှ ပညာတတ်တယ်လို့ ခေါ်တာပါ။ ဘွဲ့တွေ ဒီဂရီတွေ ရမှ မဟုတ်ပါဘူး။
စာတွေ့/အသိ ချည်းပဲ လက်တွေ့ မရှိဘူး ဆိုရင်လည်း အသိ ရှိတာ မပြည့်စုံပါဘူး။ ကြာရင် ပြန်မနွေးရင် ပြန် အသုံးမချရင် မေ့မှာပါ။ စာတွေ့ လက်တွေ့ နဲ့ တွဲမှတ်တာမျိုးက ပိုမှတ်မိပါတယ်။ ပိုအမှတ်မိဆုံးက သူများ ဆရာလုပ် ပြန်သင်ပေးတာက အမှတ်မိဆုံးပါ။
05 Read Books
Information that will add value to your life in general.
စာအုပ်တွေ ဖတ်ပါ။ စာအုပ်ထဲက သတင်းအချက်အလက် က ပုံမှန်အားဖြင့် သင့်ဘဝ ကို တန်ဖိုး တခု ပေးစွမ်းပါလိမ့်မယ်။
အရင်ခေတ်က ပညာ ရဖို့က ဆရာ နဲ့ စာအုပ် ဆီကပဲ ရှိတာပါ။ အခုခေတ်မှာတော့ အဲ့ဒါတွေ အပြင် အင်တာနက်၊ အသံ Podcast၊ ဗီဒီယို Video၊ ဓာတ်ပုံ Infographic photo တွေကနေလည်း လေ့လာ သင်ယူလို့ ရပါတယ်။
Book, Podcast, Video, Movie, Music ဘာပဲဖြစ်ဖြစ် ဖန်တီးသူ Artist က ပေးချင်တဲ့ Message ရှိပါတယ်။ ခံစားစေချင်တဲ့ ရသ ရှိပါတယ်။ ရအောင် လုပ်ပါ။ မြင်အောင် ကြည့်ပါ။ Note ရေးပါ – စာအုပ်မှာ ဖြစ်ဖြစ်၊ Digital internet/computer ပေါ်ဖြစ်ဖြစ် မှတ်ပါ။
ဖတ်ဖို့ လေ့လာဖို့ အရေးကြီးပေမယ့် တွေးဖို့ စဉ်းစားဖို့ ချင့်ချိန်ဖို့ ဆင်ခြင်ဖို့ က အရေးအကြီးဆုံးပါ။
06 Say “No” Often
Put yourself first and please others less.
No ကို မကြာခဏ ပြောပါ။ ကိုယ့်ကိုယ်ကိုယ် ပထမ ဦးစားပေး ထားပါ။ အခြားသူတွေ ကိုယ့်ကို ကြိုက်ဖို့ နှစ်သက်ဖို့ လုပ်တာမျိုး လျော့လုပ်ပါ။
စကားပြောတတ်လာလေလေ “No” ကို တိုက်ရိုက်အစား ဝေ့ဝိုက်ပြောတတ်လာလေလေပဲ။ သူငယ်ချင်းခေါ်လို့ မသွားချင်ပေမယ့် လိုက်သွားရတာမျိုး။
အတင်း မလိုက်ချင်တာကို အတင်း ခေါ်တာမျိုး Peer Pressure မပေးပါနဲ့။ ကိုယ့် ရပ်တည်ချက် ကိုယ့် အတွေးအခေါ် ရှိအောင် လုပ်ပါ။ မကောင်းတ
ကတိ လွယ်လွယ် မပေးပါနဲ့။ ပေးပြီးရင် ပေးထားတဲ့ အတိုင်း ပေးနိုင်အောင် လုပ်ပါ။ တခုခု လွဲချော်သွားရင် အကျိုးအကြောင်းပြော တောင်းပန်ပါ။ ဖြေရှင်းနည်း Solutions တွေလည်း စဉ်းစားတွေး လုပ်ကိုင်ပါ။ Risk ရှိလို့ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲရင် အထက်အရာရှိ သို့မဟုတ် လုပ်ဖော်ကိုင်ဖက် နှင့် တိုင်ပင်ပါ။
07 Organize
Become less inclined to be messy, start being productive.
တူရာ စီစီရီရီ ထားပါ။ ရှုပ်ပွတဲ့ အခြေအနေ မဖြစ်အောင် နေထိုင်ပြီး အလုပ်တွင်အောင် စလုပ်ပါ။
ရုပ်ဝတ္ထု ပစ္စည်းရော၊ ကွန်ပျူတာဖိုင်တွေရော သူ့နေရာနဲ့သူ တူရာ စီစီရီရီ ထားပါ။
အစ်ကို လည်း ရှင်းရှင်းလင်းလင်း ဖြစ်တာ ကို မြင်ရတာ ကြိုက်တယ်။ ရှင်းလိုက် ရှုပ်လိုက် ဖြစ်နေတယ်။ အစ်ကို လည်း ရှင်းလင်းအောင် လုပ်နေတယ်။ တဦးချင်းစီလည်း ရှင်းလင်းအောင် လုပ်ကြပါ။
ရှင်းလင်းနေတာ စိတ်ကြည်လင်စေပါတယ်။ အလုပ် ပိုတွင်စေပါတယ်။
Minimalism concept နဲ့ ပုံစံ တူပါတယ်။ ဖိုင်တွေ တူရာ များနေရင် နည်းအောင်ပေါင်း။ ဖျက်ပစ်။
08 Study Something Fun
Learn something new and improve your skills
အသစ်အဆန်း သို့မဟုတ် ပျော်ဖို့ကောင်းတာ တခုခု သင်ယူပါ။ ကျွမ်းကျင်အောင် လုပ်ပါ။
09 Morning Stretch
Gives you great moments of energy for the whole day.
မနက် အကြောလျော့ လေ့ကျင့်ခန်း လုပ်။ သင့် တနေ့တာ ကို အားအင်တွေ ပေးပါလိမ့်မည်။
10 Eat Three Frogs
Give up any excuse for postponing your activities.
ဖား ၃ကောင် စားပါ။ လုပ်စရာရှိတာလုပ်ဖို့ ကို နောက်ရက်ရွေ့နေတာမျိုး၊ ဆင်ခြေပေးနေတာမျိုး ကို ရပ်လိုက်ပါ။
Eat the Frog. ဖား ကို စားပါ။ လူတွေက လွယ်တဲ့အလုပ်တွေပဲ ရွေးလုပ်တတ်ကြပါတယ်။ ခက်ခဲတဲ့အလုပ်တွေ ကို ဆင်ခြေပေး နောက်ရက်ရွေ့ အချိန်ဆွဲတတ်ကြပါတယ်။ ခက်ခဲတဲ့အလုပ်တွေက အရေးကြီးတဲ့အလုပ်တွေ ဖြစ်နေတတ်တာပဲ။
စစချင်း တကောင် ပဲ အရင် စစားပါ။ နောက်မှ ၂ကောင်၊ ၃ကောင် စားပါ။ ဖြည်းဖြည်းချင်းစီပဲ သွားပါ။ မနိုင်ဝန် မထမ်းပါနဲ့။
Break large tasks down into more manageable pieces
ဖား တကောင်လုံး စားဖို့ တကောင်လုံး တခါတည်း ပါးစပ်ထဲ မစားနိုင်ရင် သေးသေးလေးတွေ ခွဲပြီး စားလို့ ရပါတယ်။ နောက်ဆုံး ရည်ရွယ်ချက် က ပြည့်မြောက်မှာပဲ။
11 Eat Healthy
Have more energy and feel less tired. Live longer.
ကျန်းမာတဲ့ အစား ရွေးစားပါ။ အားအင်ပြည့် ကျန်းမာလန်းဆန်း အသက်ရှည်။
ဒါမှ ကိုယ်ရော စိတ်ရော ကျန်းမာ ချမ်းသာမှာပါ။
12 Love Yourself
Stop criticizing yourself and see the positive in what you do.
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ မလုပ်နိုင် မဖြစ်နိုင်တာတွေ အတွက် ကိုယ့်ဘာသာကိုယ် မဝေဖန် မပြစ်တင်ပါနဲ့။ လုပ်နိုင် လုပ်နေတာတွေ ပဲ အကောင်းမြင်ပါ။ ကြည့်ပါ။
13 Be Grateful
Become more conscious about what’s important to you.
ကျေနပ်ဝမ်းသာပါ။ သင့် အတွက် အရေးကြီးတာ ကို အာရုံစိုက်ပါ။