Evil Geniuses (EG)
EG ဆိုတာ ၁၉၉၉ ခုနှစ်ကတည်းက ကနေဒါနိုင်ငံ မှာ စတင်တည်ထောင်ခဲ့ပြီး အခုဆိုရင်တော့ အမေရိကန် မှာ ရုံးချုပ်ဖွင့်ထားတဲ့ Esports အဖွဲ့အစည်းကြီး တစ်ခု ဖြစ်ပါတယ်။
EG ကို အားပေးဖြစ်တာ Dota 2 အသင်း ကြောင့် ဆိုပေမယ့်လည်း သူ့မှာ အခြား Games အသင်းတွေလည်း ရှိပါတယ်။
အခု EG Dota 2 အသင်း ကတော့ အမေရိကန် မြောက်အမေရိကတိုက် ကနေ တောင်အမေရိကတိုက် ဘက်သို့ ရွေ့သွားပြီ ဖြစ်ပါတယ်။
EG Logo
1999 ခုနှစ် လိုဂို ကို 2019 ခုနှစ် တွင် ပြောင်းလိုက်တာ ဘယ်လိုမှ ခံစားလို့ မရ။ အချို့ က Rebranding ပြန်လုပ်လိုက်ရင် ပိုလှ ပိုခန့် ပိုကြည့်လို့ကောင်းသွားတာ များတယ်။ EG လိုဂို ကျမှ ပိုဆိုးသွား။ ပရိသတ်တွေ ပြောကြလွန်းလို့လား မသိ၊ နောက်တနှစ်အရောက် 2020 မှာ ထပ် Rebranding ပြန်လုပ်တော့မှ ပိုခန့် ပိုမိုက်သွားတော့တယ်။
စာသား Typography တွေကိုတော့ ဒုတိယလိုဂို Typography ပုံစံမျိုးတော့ ဆက်သုံးနေသေးတယ်။
EG Slogan/Motto
Live Evil, Be Genius #LiveEvil #BeGenius
Live Evil ကို မှန်ကြည့်လို့ ရတဲ့ ပြောင်းပြန် ဒီဇိုင်း ဖော်ထားတာ အိုင်ဒီယာကောင်း။
Palindrome ဆိုတာ အရှေ့ကဖတ်ဖတ်၊ နောက်ကဖတ်ဖတ် အတူတူ ဖြစ်နေတဲ့ စာလုံး၊ စာသား။