ရက်ထပ်နှစ်

ရက်ထပ်နှစ်

ရက်ထပ်နှစ် Leap Year သည် ၄ နှစ် ၁ ကြိမ် ကျရောက်သည်။ Gregorian Calendar ပြက္ခဒိန် သက္ကရာဇ် ကို ၄ နှင့်စား၍ ပြတ်လျှင် ရက်ထပ်နှစ်။ ပုံမှန်နှစ်တွေမှာ ၃၆၅ ရက် ရှိပေမယ့် ရက်ထပ်နှစ် မှာ ဖေဖော်ဝါရီ ၂၉ – ၁ရက်တိုးလို့ ၃၆၆ ရက် ရှိပါတယ်။

ရက်လ ကဗျာ

1 ရက် vs. 1 နှစ်

၁ ရက် ကို ဘယ်လို သတ်မှတ်တာလဲ ဆိုတော့ ကမ္ဘာကြီး က မိမိဝင်ရိုးပေါ်မှာ တပတ်ပြည့်အောင် လည်တဲ့အချိန် ကို သတ်မှတ်တာပါ။ နေထိုးတဲ့ အခြမ်းရောက်ရင် နေ့ ဖြစ်ပြီး မထိုးတဲ့ အခြမ်းရောက်ရင်တော့ ည ဖြစ်သွားပါတယ်။ ၁ရက် မှာတော့ ၂၄ နာရီ အတိအကျ ပါပဲ။ တချို့ ကမ္ဘာ့ နေရာဒေသ အချို့မှာတော့ နေအလင်းရောင် ရပြီး ည မရှိတဲ့ နေရာမျိုးလည်း ရှိပါတယ်။

၁ နှစ် ကျတော့ နေ ကို တပတ်ပတ်မိဖို့ ကြာတဲ့ အချိန် ပါ။ အတိအကျ ပြောရရင်တော့ 365.242 ရက် ကြာပါတယ်။ ပိုတဲ့ 0.242 ဆိုတာ 0.25 သို့ 1/4 ရက် ပါ။ ပထမနှစ် မှာ 1/4 ရက်လိုမယ်။ ဒုတိယနှစ် မှာတော့ ရှေ့နှစ်နဲ့ ပေါင်းပြီး 2/4 or 1/2 ရက်လိုမယ်။ တတိယနှစ် ကျတော့ 3/4 ရက် လိုမယ်။ စတုတ္ထနှစ်ရောက်တော့ 4/4 ဖြစ်တော့ ၁ရက် အပြည့်ပေါင်းပြီး ပြန်ကိုက်သွားရော။

အစွန်းထွက်

0.242 ကို 0.25 နဲ့ တွက်တာ ဖြစ်သဖြင့် ကွာဟချက် က 0.008 ရှိနေပါသေးတယ်။

အဆိုပါ ကွာဟချက်ကြောင့်ပင် …
4 နှင့်စားပြတ်သော်လည်း 100 နဲ့ စားပြတ်ပါက ရက်ထပ်နှစ် မရှိပါ။
4 နှင့်စားပြတ်၊ 100 နှင့်စားပြတ် ဒါပေမယ့် 400 နဲ့ စားပြတ်ပါက ရက်ထပ်နှစ် ပြန်ရှိသွားပြန်ပါတယ်။

လိုက်မှီကြသေးလား ?

2100, 2200, 2300 တို့သည် 4 နှင့်စားပြတ်သော်လည်း 100 နှင့်စားပြတ်၍ ရက်ထပ်နှစ် မရှိပါ။
သို့သော် 2400 ခုနှစ် သည် 400 နှင့် စားပြတ်သဖြင့် ရက်ထပ်နှစ် ရှိပါတယ်။