The Pig, the Snake, & the Pigeon [2023]

ထိုင်ဝမ်ဇာတ်ကား 周處除三害 တရုတ်ဇာတ်ကား နာမည် ပေါ့ … ဆိုလိုရင်းကတော့ Eliminate 3 Evils မိစ္ဆာ ၃ ကောင်ကို ရှင်းပစ်တယ် ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ အင်္ဂလိပ်စာ နာမည် ကတော့ အဆန်း ပါ။

ဇာတ်လမ်း နှင့် ဒါရိုက်တာ ကတော့ ဟောင်ကောင်လူမျိုး Wong Ching Po ပါ။ ထိုင်ဝမ် ထုတ်လုပ်ရေး ကို သူပြတဲ့ ၂ပုဒ်ထဲကမှ ဒီဇာတ်ကား ကို ထုတ်လုပ်သူ က ရွေးတာပါ။

Chen Kui Lin တဖြစ်လဲ Ethan Juan က ဒုစရိုက်ဂိုဏ်းသား တယောက်ပါ။ လူမိုက်ဂိုဏ်း ခေါင်းဆောင် အကြီး ရဲ့ အသုဘအခမ်းအနား မှာ အကြီးပိုင်း တယောက် ကို ခပ်တည်တည် ပစ်သတ်လိုက်တဲ့ နောက်မှာတော့ ထိုင်ဝမ်ကျွန်း ၏ အလိုရှိဆုံး လူဆိုးစာရင်း ထဲ သူ့ နာမည် ပါလာခဲ့ပါတယ်။

နောက်၄နှစ်အကြာ ပြကွက်မှာတော့ သူ့တဦးတည်းသော ဆွေမျိုး ဖြစ်တဲ့ အဘွား ဆုံးသွားတော့ စိတ်ဓာတ်ကျနေ။ ဒုစရိုက်ဂိုဏ်းသားတွေ ခွဲစိတ်ကုသပေးနေရတဲ့ ဆရာဝန်မ က သူ့အဘွား ထားခဲ့တဲ့ မသုံးဖြစ်တဲ့ငွေပိုက်ဆံ နှင့် ပန်းရောင် 🐷 The Pig “ဝက်ပုံ” 🐷 ပလတ်စတစ်နာရီလေး ပေးရင်း သူ့မှာ အဆုတ်ရောဂါ နောက်ဆုံးအဆင့် (၄) ရောက်နေပြီ ဖြစ်ကြောင်း နဲ့ ရဲဌာန မှာ အဖမ်းခံလိုက်ဖို့ နားချပါတယ်။ နောက်တနေ့ သူလည်း ရဲဌာန သွား အဖမ်းခံပေမယ့် အဖမ်းခံတဲ့လူတွေများနေတာရယ်၊ သူ့ကိုလည်း ဘယ်သူမှ မသိ၊ အဖက်မလုပ်ကြ။ အဲ့နောက်မှာ ထိုင်ဝမ်ကျွန်း ၏ အလိုရှိဆုံး လူဆိုးစာရင်း မှာ သူက နံပါတ် (၃) ချိတ်နေတာကို တွေ့တော့ သဘောမကျ။ သူ့ မကောင်းသတင်း ကို သူ့အဘွား တွေ့သွားမှာ ကြောက်လို့ ငြိမ်နေပေမယ့် … အခုကတော့ စိတ်ရှိသလောက် ဆိုးလို့ မိုက်လို့ ရသွားပြီ။ သေသွားရင် သူ ဘယ်သူလည်း ဆိုတာ လူတွေ သိသွားစေချင်တဲ့ အတ္တ တော့ သူ့မှာ ရှိတယ်။ ဒါကပဲ နံပါတ် (၁) နှင့် (၂) ကို ရှင်းဖို့ ဖြစ်လာခဲ့တယ်။

နံပါတ် (၂) ကတော့ ဟောင်ကောင်သား Hongkie … လက်မှာ 🐍 The Snake “မြွေ” 🐍 တက်တူးပုံ နဲ့ လူမိုက် … ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ရှောင်မေ Cheng Hsiao Mei တဖြစ်လဲ Gingle Wang နဲ့ တွေ့။ သူမ က ဟောင်ကောင်သား ရဲ့ မယားပါသမီး။ ရှောင်မေ အမေ က ဟောင်ကောင်သား ပြစ်မှု အတွက် အပြစ် ဝန်ခံပြီး လိုလိုလားလား ထောင်ကျခံနေရတဲ့သူ။ ဘာလို့ လိုလားသလဲ ဆိုတော့ သူ့အရင်ယောကျာ်း ဆီက ဘဝ ကို ကယ်ထုတ်ပေးခဲ့လို့ တဲ့လေ။ မယားပါသမီး ကိုလည်း အလိုမတူ သားမယားပြုကျင့်။ ဟောင်ကောင်သား နှင့် သူ့လက်အောက်ငယ်သားတွေ ကို ငကြောင် က သတ်။ ရှောင်မေ ကို ကယ်ထုတ်ပြီး ရဲတွေကို ဟောင်ကောင်သား ကို သတ်တာ Chen Kui Lin ဖြစ်ကြောင်း ပြောပြဖို့ သေသေချာချာ မှာ။

နံပါတ် (၁) ကတော့ 🐂 Bullhead … ခြေရာခံမိပြီး ရောက်သွားတော့ ဘာသာရေးအဖွဲ့အစည်း ရောက်သွား။ ဘာသာရေး ခေါင်းဆောင် က ကောင်းကောင်းမွန်မွန် ဧည့်ခံ ပြုစု … ဘာသာရေးပွဲ ရောက်တော့ သွေးမဲတွေ အန် … ဆေးရုံရောက် … သူကလည်း အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် (၄) ရောက်နေပြီ ဆိုတော့ အမှန်ပဲ ထင် … ခေါင်းဆောင် ကို Bullhead အကြောင်း မေးတော့ သေဆုံးသွားပြီ ပြောလို့ သူ့မှာ အသက်ရှင်ရတဲ့ ရည်ရွယ်ချက် မရှိတော့ … အဲ့ဒါနဲ့ သေနတ် ကို မြေမြှပ် … ဘာသာရေးအဖွဲ့အစည်း ထဲဝင် … ယုံယုံကြည်ကြည် ထဲထဲဝင်ဝင် အလုပ်လုပ်ပေး … ဓာတ်မှန် ပြန်ရိုက်တော့ အဆုတ် အခြေအနေ ကောင်းမွန်လာတော့ ဘာသာရေး အပေါ် ပိုသက်ဝင်ခဲ့ …

ဘာသာရေးကျောင်း ကို သားအမိ ၂ ယောက် ရောက်လာပြီး သား က သူ ဖြစ်ခဲ့သလို သွေးမဲတွေ အန် … သူက ပြာပြာသလဲ ဖြစ်ပြီး ဆေးရုံ ထမ်းပို့ … ဘာသာရေးဝိဉာဉ် ကုသတဲ့ ပုံစံ မိခင်ရှေ့မှာ လုပ်နေတဲ့ သူတွေ မတားနိုင်ခဲ့ … ဆေးရုံရောက်တော့ ကလေး က နိုးမလာ … ကလေး ကို လူကြီး အဆိပ်အတိုင်း ခတ်မိတော့ လွန်သွား … ကလေး မိခင် ကို ဆရာဝန် က သူ့ကို ပြတဲ့ အရင်ဓာတ်မှန်အဟောင်း နဲ့ပဲ ရှင်းပြတာတွေ့ … ကလေး မိခင် လည်း ကလေး ကုသဖို့ အတွက် ဘာသာရေးဂိုဏ်းထဲ ဝင်။

Chen Kui Lin က ခေါင်းဆောင်အခန်း သွား … မြေအောက်ခန်းတွေ့ … ဇိမ်ခံပစ္စည်းတွေနဲ့ တကမ္ဘာ ဖြစ်နေ … မီးတိုက်ထဲ သွင်းလိုက်တဲ့ သူ ပိုက်ဆံ နဲ့ နာရီ ထည့်လိုက်တဲ့ဗူး ပြန်တွေ့ … လိမ်ဆင်ကြီး … ပိုက်ဆံ မတွေ့တော့ နာရီပဲကျန် … သားအမိ ထည့်လိုက်တဲ့ဗူး လည်း သူ့ရှေ့ကျလာ။ Bullhead အုတ်ဂူသွားဖော်တော့ ဘာသာရေးခေါင်းဆောင် နဲ့ သူ့မိန်းမ ပုံတွေ့ … လူလိမ္မာ ဖြစ်မယ် ရှိသေး – ဒီလို ကိစ္စတွေကြောင့် လူဆိုးစရိုက် ပြန်ဖြစ် … မြေမြှပ်ထားတဲ့ သေနတ် ပြန်ဖော် … ကလေး မိခင် ကို ဘာသာရေးအောက်ထဲ ထည့်ဖို့ အခမ်းအနား ကို ရောက်သွား … မိခင် ကို သူမ ပစ္စည်းတွေ ပေးပြီး ဒီက ထွက်သွားဖို့ ပြော …

ကြည့်ကောင်းတာက ဒီနောက်ပိုင်း ဇာတ်ဝင်ခန်းတွေ … ရယ်ရခက် ငိုရခက် မို့ ထင်တယ် TikTok ပေါ်မှာ Share ကြတော့ ဒီဇာတ်ကား ပေါက်တယ် … ဘာသာရေး ခေါင်းဆောင် Bullhead ကို ပစ် … ချက်ကောင်း မထိတော့ ပြန်ထိုင် … သတ်ဖို့ သေနတ်ပစ် … ကျည်ညှပ် … နောက်တချက် ပစ်တော့ နဖူးထိပ် တည့်တည့်ပဲ … ပြန်မယ် အလုပ် … ကျန်တဲ့လူတွေက ဘာသာရေး ဆုတောင်းပွဲ ဆက်လုပ် သီချင်းဆို … ငကြောင် ပြန်ရောက်လာပြီး ၁၀ ထိ အချိန်ပေးမယ် … ကျန်တဲ့သူ အကုန် သတ်ပစ်မယ် ပြော … ၁၀ ပြည့်တော့ ပစ်သတ် … ကျည်ညှပ်ရင် သွားခွင့် ထပ်ပေး … မသွားရင်တော့ ထပ်ပစ် … ဒီလိုနဲ့ 🐦‍⬛The Pigeon “ခို” 🐦‍⬛လည်း ရှင်းပစ်နိုင်လိုက်ပြီ။ ငကြောင် ထက် ကြောင်တဲ့ ကောင်တွေ သတ်ပစ် သင့်ပါတယ်။

ရဲကို ဖုန်းဆက် အဖမ်းခံဖို့ လုပ် … ရဲအုပ် နာမည် နဲ့ကို ခေါ် … ရဲအုပ် သေနတ် ပြန်ပေးပြီး လက်ထိပ်ခတ် အဖမ်းခံ … အဖမ်းခံ အပြီး ငကြောင် ထအော်တာက “ငါ့ နာမည် Chen Kui Lin”.

ဆရာဝန်မ က ထောင်ဝင်စာ လာတွေ့ … ငကြောင် က ထောင်ထဲရောက်မှ သိလိုက်ရတာက … သူ့မှာ ဘယ်တုန်းကမှ အဆုတ်ကင်ဆာ ရှိမနေတာဘဲ။ ဆရာမ က ကင်ဆာဆေးကုနေရတော့ ကတုံးနဲ့ထိပ်ကလည်း ကွက်နေ … တကယ် က သူမ ဓာတ်မှန် … သူမ မှာမှ အဆုတ်ကင်ဆာ ရှိနေတာ … ရဲအဖမ်းခံအောင် လိမ်ပြောလိုက်တာ … ငါ လိမ်ပြောလိုက်တာက ကောင်းချင်တော့ လူဆိုး ၂ယောက်လည်း သေတော့ ကောင်းတာပေါ့ …

သေမိန့်ကျတာ ဖြစ်တဲ့အတွက် … ရဲအုပ် က ရှောင်မေ သွားရှာပြီး နောက်ဆုံး ထောင်ဝင်စာ အတူတူ လာတွေ့ … ရှောင်မေ က ရှေ့တခေါက် မုတ်ဆိတ် မရိတ်ပေးလိုက်ရတာ ရိတ်ပေးပြီး ဆံပင်ညှပ်ပေး …

သေမိန့် မပေးခင် ဘာပြောချင်လဲ ဘာလုပ်ချင်လဲ ပြောတော့ “လုပ်ခဲ့တဲ့ အရာတွေအတွက် လူအဖွဲ့အစည်း ကို တောင်းပန်ပါတယ်” တဲ့။