Thar Htet – ဆရာကြီး ဒေးကာနက်ဂီ၏ လူချစ်ခင်ဆေးနည်း မှ ကူးယူဖော်ပြပါသည်။
သိပ္ပံနည်းကျ ပီယဆေးဖော်မယ်။
Dale Carnegie ရဲ့ How to Win Friends and Influence People စာအုပ်ကို လက်တွေ့ အသုံးချရန်၊ လိုရင်းတိုရှင်း အဆီထုတ်လိုက်ပါသည်။
Dale Carnegie တင်ပြသည့် အဓိက အချက်များမှာ−
- ပြုံးပါ
- တစ်ပါးသူကိုဘယ်တော့ မှမဝေဖန်ပါနဲ့
- မကြာခဏ အသိအမှတ်ပြုပါ
- ကိုယ့်ကို စိတ်ဝင်စားစေလိုလျှင် သူ့ကိုစိတ်ဝင်စားပါ
- သူ့အတွက် အရေးပါသော အကြောင်းကို စကားလုပ်ပြောပါ
- အမည်ကိုခေါ်ပြီး နှုတ်ဆက်ပါ
- လုံးဝ မငြင်းခုန်မိပါစေနဲ့
- သူမှားတယ်လို့ ဘယ်တော့မှ မပြောပါနဲ့
- ကိုယ်မှားရင် ချက်ချင်း ရှင်းရှင်းပြတ်ပြတ် ဝန်ခံပါ
- ကိုယ့်စကားတိုင်းကို အင်း လိုက်ပါစေ
တခုချင်း အသေးစိတ် More Detailed @ Thar Htet – ဆရာကြီး ဒေးကာနက်ဂီ၏ လူချစ်ခင်ဆေးနည်း
ပီယဆေးနည်းလင်္ကာ
ဖတ်မိသည်ထက် မှတ်မိဖို့ခက်လေရာ၊ အောက်ပါ လင်္ကာလေး နှင့် မှတ်လေ။
ဝေဖန်မဲ့၊ပြုံး၊ မည်ခေါ်သုံးပြီး
စိတ်ပါဝင်စား၊ ရေးစကားဆို
တင်ပိုကျေးဇူး၊ ငြင်းခုံဘူး
မှားပုံမဆို၊ ဝန်ခံလိုမှ
အင်းလိုက်ကြ၊ လူတိုင်းကြိုက်မှာပ။
ခက်ဆစ်
ဝေဖန်မဲ့ − မဝေဖန်ရန်
ပြုံး − ပြုံးရန်
မည်ခေါ်သုံး − အမည်ခေါ်ဆို နှုတ်ဆက်ရန်
စိတ်ပါဝင်စား − သူ့အကြောင်းကို စိတ်ဝင်စားရန်
ရေးစကားဆို − သူ့အတွက် အရေးပါသော ကိစ္စကို စကားလုပ်ဆိုရန်
တင်ပိုကျေးဇူး − အသိအမှတ်ပြုရန်
ငြင်းခုံဘူး − မငြင်းခုန်ရန်
မှာပုံမဆို − မှားတယ်ဟု အပြစ်မဆိုရန်
ဝန်ခံလိုမှ − မိမိအမှားကို ဝန်ခံရန်
အင်းလိုက်ကြ − သဘောတူသော အကြောင်းအရာများကို အရင်ပြောဆိုပြီး “အင်း”လိုက်စေရန်