2009 က ထွက်ရှိတဲ့ 3 Idiots ဇာတ်ကား က ပညာရေး တော်လှန်ရေး ဇာတ်ကား လို့ တောင် ဆိုရမယ်။
အလွတ်ကျက် ကြက်တူရွေး သာလိကာ ပညာရေး ကို လှောင်ပြောင်ထား … နားလည်အောင် သင် … နောက်တဆင့် အသုံးချနိုင်အောင် လေ့ကျင့် … ဒီလို ဖြစ်ရမှာ။
ယောကျ်ားလေး မွေးရင် အင်ဂျင်နီယာ Engineer, မိန်းကလေး မွေးရင် Doctor ဆရာဝန် စသဖြင့် မိဘ က သားသမီး အနာဂတ် အတွက် ဆုံးဖြတ်ပေးနေတဲ့ ယဉ်ကျေးမှု ကို လှောင်ပြောင်ထား … သားသမီး ဘာ စိတ်ဝင်စားသလဲ ဆိုတာ မိဘတွေ က စိတ်မဝင်စား … သားသမီး လုပ်နေတဲ့ အရာတွေကို အားမပေး …
ကိုယ့်ကိုယ်ကို ယုံကြည်ချက် Confidence မရှိတဲ့သူတွေ အများသား … ကိုယ့်ရဲ့ ကြောက်စိတ်၊ သိမ်ငယ်စိတ်၊ စိုးရိမ်စိတ်တွေကို ကိုးကွယ်မှု အောက်မှာပဲ ထားရှိပြီး နေထိုင်နေကြတာ။
အိန္ဒိယ ဒါရိုက်တာတွေ ရိုက်လိုက်ရင် Storytelling တအားကောင်းတယ် … ရယ်စရာလေး Humor တွေနဲ့ ပေးချင်တဲ့ သတင်းစကားတွေ Messages တွေကို ထိထိမိမိ ပေးသွားတယ် …
3 Idiots အတိုချုံး
၃ နာရီ နီးပါးလောက် ကြာတဲ့ ဇာတ်ကား ကို အတိုချုံး တာ နာရီဝက်လောက် ကြာတယ် …
အပြည့် လည်း ရှာကြည့်ကြပါ …
Aal Izz Well
🙆♂️: လက်ကို ရင်ဘတ်ပေါ်တင်ပြီး ပြော “Aal Izz Well”.
🙍: All is well ? “အားလုံး ကောင်းသွားလိမ့်မယ်” လား ?
🙆♂️: ဘယ်လောက် ပြဿနာ ကြီးမားသည် ဖြစ်စေ၊ နှလုံးသားကို “Aal Izz Well” ပြောလိုက်။
🙍: အဲ့တော့ ပြဿနာ ဖြေရှင်းသွားရောလား ?
🙆♂️: မဖြေရှင်းသွားဘူး … ဒါပေမယ့် မင်းမှာ အဲ့ပြဿနာ ကို ရင်ဆိုင် ဖြေရှင်းနိုင်မယ့် သတ္တိ ရှိသွားပြီ။