
MPT ဆိုတာ Myanmar Posts & Telecommunications မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
နိုင်ငံပိုင် လုပ်ငန်း တခု။ ၂၀၁၄ ဇူလိုင်မှာ စင်ကာပူကုမ္ပဏီ KSGM နဲ့ Joint Operations Agreement လုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ စာချုပ် ရေးထိုးခဲ့တယ်။ စင်ကာပူ KSGM ဆိုတာ KDDI Corporation (KDDI) နှင့် Sumitomo လုပ်ငန်းစု ဖြစ်တဲ့ ဂျပန်ကုမ္ပဏီကြီး ၂ခု ပေါင်းစည်းထားတဲ့ ကုမ္ပဏီ။
ပူးပေါင်းပြီး နောက်ပိုင်းမှာ MPT Rebrand ပြန်လုပ်တယ်။ ဝန်ဆောင်မှုတွေလည်း ကောင်းလာတယ်။
MPT Slogan
Moving Myanmar Forward
“ရှေ့သို့လှမ်းချီ မြန်မာပြည်”
အတူလက်တွဲ အမြဲရှိမည် MPT
ဒါက မြန်မာစာ နဲ့ဆို ဒီ စာသား သုံးတယ်။
MPT Logo
ကျနော် အကြိုက်ဆုံး မြန်မာ့ လိုဂို လို့ ပြောလို့ ရတယ်။
၁။ မြန်မာနိုင်ငံ ပုံစံ – မြန်မာနိုင်ငံ Minimalism Design ဆွဲထားသလိုပဲ။
၂။ < ဆိုတဲ့ Sign က ရှေ့သို့လှမ်းချီ Moving Forward လုပ်နေတာ ဖော်ပြနေတာ။
၃။ အကွက်လေး နဲ့ အမြှီးလေး က ရုပ်ပြစာအုပ်တွေမှာ ပြောစကားတွေ သရုပ်ဖော်တယ်။

Reference & Sources
https://www.facebook.com/mptofficialpage/
https://www.youtube.com/@mptofficialpage
https://www.linkedin.com/company/mptofficial/
https://en.wikipedia.org/wiki/Myanma_Posts_and_Telecommunications