Bridge of Spies [2015]


Steven Spielberg ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကား ပါ။ ၁၉၄၅ ဒုတိယကမ္ဘာစစ်အပြီး မှစ၍ အမေရိကန်နှင့် ဆိုဗီယက် တို့သည် စစ်မတိုက်သော်လည်း အာဏာပါဝါလုကြသော စစ်အေးတိုက်ပွဲ အတွင်း သုံ့ပန်း အချင်းချင်း လဲလှယ်တဲ့ ဖြစ်ရပ်ပေါ် အခြေခံ ရိုက်ထားတာပါ။

ဗြိတိသျှဖွား ဆိုဗီယက် သူလျှို ကို အမေရိကန် FBI တွေက ဖမ်းမိပြီး ဆိုဗီယက်တွေကတော့ သူတို့ကို ထောက်လှမ်းနေတဲ့ U2 သူလျှိုလေယာဉ်မှူး ကို ဖမ်းမိကာ အပြန်အလှန် သုံ့ပန်း လဲလှယ်ရန် ညှိုနှိုင်းလာပါတယ်။

Tom Hanks ကတော့ ဆိုဗီယက် သူလျှိုဘက်က အမှုလိုက်ပေးရတဲ့ အမေရိကန် ရှေ့နေ
Mark Rylance ကတော့ ဗြိတိသျှဖွား ဆိုဗီယက် သူလျှို

Table of Contents

Would it help?

Mark Rylance ရဲ့ အေးစက်စက် တည်တည်ငြိမ်ငြိမ် မစိုးရိမ်တတ်မှုတွေကြောင့် စိတ်မပူဘူးလား မေးယူရလောက်အောင်ပင်။

Would it help ?
စိတ်ပူတာ က အကူအညီ ဖြစ်လား ?

သူ ပြောသလို ပါပဲ။ စိတ်ပူတာ က အကူအညီ မဖြစ်ပါဘူး။ ဒီစကား တခွန်းနဲ့တင် ဒီဇာတ်ကား ကြည့်ရတာ တန်ပါတယ်။

Reference

IMDb | Bridge of Spies (2015)