
The World’s Strongest Coffee ကမ္ဘာအပြင်းဆုံးကော်ဖီ လို့ ခေါင်းစဉ်တပ်ထားတဲ့ ကြော်ငြာကတော့ Black Insomnia Coffee ရဲ့ ကြော်ငြာလေးပါ။ ကော်ဖီ မှာ ပါဝင်တဲ့ ကာဖင်းဓာတ် ပါဝင်နှုန်း တိုင်းတာချက်တွေ ၊ တတ်ကျွမ်းတဲ့ ပညာရှင်တွေ ထောက်ခံချက် အရ ဒီကော်ဖီ ဟာ ကမ္ဘာ့ အပြင်းဆုံး ကော်ဖီ ပါ။
အခု ပုံနှိပ်ကြော်ငြာ ကို ပြင်သစ်နိုင်ငံ Muchimuchi မှ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။
Black Insomia Coffee လိုဂို ပုံစံ က ရိုးရှင်းပြီး မှတ်မိလွယ်တယ်။ Insomia ဆိုတာ အိပ်မပျော်ခြင်း လို့ အဓိပ္ပာယ် ရတယ်။
ကြော်ငြာပုံ ထဲမှာ မျက်လုံးထဲက Pupil လို့ ခေါ်တဲ့ သားငယ်အိမ် ပုံမှန်ထက် အရမ်း ကျယ်နေပါတယ်။ မအိပ်တဲ့သူတွေ က သူငယ်အိမ် ကျယ်ပါတယ်။
မအိပ်ချင်အောင် မျက်ခွံ ကို ပင့်တင်ပြီး မီးထိုးကာ သူငယ်အိမ်ကျယ်အောင်လုပ် နှိပ်စက်တာလည်း ရုပ်ရှင်ထဲ မြင်ဖူးပါတယ်။
သူငယ်အိမ် အရမ်း ကျယ်တဲ့ ပုံစံပြတော့ လုံးဝ မအိပ်ချင်ဘူး ကို ဆိုလိုတာပေါ့။
ကော်ဖီ ထဲမှာ ကာဖင်းဓာတ် ဘယ်လောက်တောင်မှ ပါသလဲ မသိပါဘူး။
အဲ့ဒီမှာလည်း ဆန်းသစ်တဲ့အတွေးနဲ့ ကော်ဖီ အမြှပ်လေးတွေကို မျက်လုံး သားငယ်အိမ် ပတ်လည် မှာ ရေးဆွဲထားပြီး အိုင်ဒီယာ ကို ချိတ်ဆက်ထားတာ တွေ့ ရတယ်။