လုံခြုံ စိတ်ချရတဲ့ ယာဉ်မောင်းကောင်း ဖြစ်ဖို့ ဆိုတာ
Being a Safe Driver = Getting Enough Sleep
အိပ်ရေးဝ နေဖို့ လိုအပ်တယ်။
ညဘက် ကောင်းကောင်း အိပ်စက်ထားနိုင်ဖို့ က အရေးကြီးတယ်။ အထူးသဖြင့် ကားလမ်းခရီး မသွားခင် ညဘက်ပေါ့။ လတ်တလော ပြုလုပ်ထားတဲ့ စစ်တမ်းအရ အနည်းဆုံး သတ်မှတ်ထားတဲ့ အိပ်ချိန် ၇ နာရီ ထက် အိပ်ချိန် ၁ နာရီ လျော့သွားတယ် ဆိုရင်ပဲ နောက်တစ်နေ့ မတော်မဆ ယာဉ်တိုက်မှု ဖြစ်နိုင်ချေ က ၂ ဆ နီးပါး တက်လာတယ်။
A good night’s sleep is important, especially the night before you hit the road. A recent report suggests that getting just one hour less of sleep than the minimum recommended seven hours may nearly double your risk of getting in an accident the next day.
ကားမောင်းရင်း အိပ်ငိုက်တယ် ဆိုတာ အန္တရာယ်များမှန်း လူတိုင်း သိထားပေမယ့်လည်း လက်တလော AAA Foundation for Traffic Safety ပြုလုပ်ထားတဲ့ စစ်တမ်းအရ ကတော့ အိပ်ရေးမဝခြင်း က ကျနော်တို့ တွေးထင်ထားတာထက်ကို ယာဉ်မောင်းတွေ အတွက် အန္တရာယ် ပိုများနေပါတယ်။
အိပ်ချိန် ပုံမှန် ၇ နာရီ ရထားတဲ့ ယာဉ်မောင်း နဲ့ ယှဉ်ရင်
၅-၆ နာရီ အိပ်ထားတဲ့ ယာဉ်မောင်း က ယာဉ်တိုက်မှုတွေမှာ ၁.၉ ဆ လောက် ပိုမို ပါဝင်နေပါတယ်။
၄-၅ နာရီ အိပ်ထားတဲ့ ယာဉ်မောင်း က ယာဉ်တိုက်မှုတွေမှာ ၄.၃ ဆ လောက် ပိုမို ပါဝင်နေပါတယ်။
၄ နာရီ တောင် မအိပ်ထားတဲ့ ယာဉ်မောင်း က ယာဉ်တိုက်မှုတွေမှာ ၁၁.၅ ဆ လောက် ပိုမို ပါဝင်နေပါတယ်။
အိပ်ချိန် အပြင် အခြား ဖြစ်နိုင်ခြေတွေ အကျိုး အကြောင်းတွေ ရှိနိုင်ပါတယ်။ အပေါ်က အချက်အလက်တွေထဲမှာ မူးယစ်ဆေး သုံးစွဲထားတာ မပါဝင်သလို ညသန်းခေါင် ၁၂ နာရီ မှ မနက် ၆ နာရီ အတွင်း ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကို မထည့်သွင်းထားပါဘူး။ အိပ်ရေးမဝဘဲ ညအချိန် ကားမောင်းခြင်း က ပို အန္တရာယ်များလိမ့်မည်။ မြင်နိုင်စွမ်း ကလည်း အကန့်အသတ် ရှိနေ။ ခန္ဓာကိုယ်နာရီ ကလည်း အိပ်ချိန် ဖြစ်နေတဲ့ အပြင် အိပ်ချိန် မပြည့်သဖြင့် အိပ်ချိန် ပြန်ဖြည့်ခိုင်းနေ။
လူသားအားလုံး အတွက် ကူညီရာ ရောက်ဖို့ ကားမမောင်းခင် လုံလောက်အောင် အနားယူ အိပ်စက်ပါ။

Reference
AAA Foundation for Traffic Safety
Lifehacker | Being a Safe Driver Means Getting Enough Sleep