The Most Motivational Poster Ever

သင်္ချာဂဏန်းတွေ နဲ့ ရေးထားတယ် ဆိုပေမယ့်လည်း … စိတ်ဓာတ် အတက်ကြွနိုင်ဆုံး ပိုစတာ လို့ ပြောတာ အကြောင်း ရှိပါတယ် …
1.01^365
1.01 ရဲ့ 365 ထပ်ကိန်း ကျတော့ 37.8 ရပါတယ်။
အဲ့မှာ ဆိုလိုချင်တဲ့သဘောက 365 ဟာ တစ်နှစ် မှာ ရှိတဲ့ ရက်ပေါင်းအရေအတွက် ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် 1 ဟာ တစ်ရက် တစ်နေ့ တာ အတွက် ကိုယ်စားပြုပါတယ်။ 1.01 ဆိုတာ မူလ 1 ထက် စာရင် 0.01 ပိုများပါတယ်။ ရာခိုင်နှုန်းအားဖြင့် 1% တစ်ရာခိုင်နှုန်း ပိုများပါတယ်။ တစ်နေ့ တာတိုင်းစီမှာ အရင်ရက်တွေ ထက် 1 ရာခိုင်နှုန်း ပိုကြိုးစားလာပါက တစ်နှစ်အကြာတွင် နှစ်စ က အခြေအနေ နှင့် နှိုင်းယှဉ်ပါက 37.8 ဆ ပိုလုပ်ကိုင်နိုင်တာကို တွေ့ရမှာပါ။
1^365
1 ရဲ့ 365 ထပ်ကိန်း ဟာ တွက်လိုက်ရင် 1 ပဲ ပြန်ရပါတယ်။
တနေ့ တနေ့ အရင်နေ့တွေလိုပဲ ထူးမခြားနား ဖြတ်သန်းနေတယ် ဆိုရင်တော့ … ဘာမှ မဖြစ်ထွန်းလာပါဘူး … ၃၆၅ရက်ပြည့်ပြီး ၁နှစ်သာ ကုန်သွားမယ် … အရင်အတိုင်းပဲ ရှိနေအုံးမှာပါ။
0.99^365
0.99 ရဲ့ 365 ထပ်ကိန်း ကျတော့ 0.03 ရပါတယ်။
တစ်နေ့ တာတိုင်းစီမှာ အရင်ရက်တွေ ထက် 1 ရာခိုင်နှုန်း နည်းလုပ်ပါက တစ်နှစ်အကြာတွင် နှစ်စ က အခြေအနေ နှင့် နှိုင်းယှဉ်ပါက 0.03 ဆ သာ လေ ျာ့ နည်း လုပ်ကိုင်မိနေလိမ့်မည်။ တစ်နည်းအားဖြင့် နှစ်စ က (၁၀၀) ခု ထုတ်နိုင်သည် ဆိုပါက နှစ်ကုန် တွင် (၃) ခု ထုတ်နိုင်ပါတော့မည်။
နေ့စဉ်ရက်ဆက် = Compound Interest
အနှစ်ချုပ်ရမည်ဆိုရင် ၁ ရာခိုင်နှုန်း ဆိုပြီး အထင်မသေးလေနှင့်။ နေ့တိုင်းတိုးတက်အောင်လုပ်ခြင်း/နေ့စဉ်ရက်ဆက်ကြိုးစားခြင်း အသီးအပွင့် က အံ့ဩဖွယ်ကောင်းလောက်အောင် များပြားလှပါတယ်။ ဒါကို Compound Interest လို့ခေါ်ပါတယ်။
လူတွေက အရင်နှစ်ကထက် ဒီနှစ် ၂ ဆ ပိုထုတ်နိုင်/ပိုရောင်းနိုင်/ပိုလုပ်နိုင် ရမည် ဆိုရင် လန့် ကုန်ကြပြီး မဖြစ်နိုင်တာတွေ မပြောပါနဲ့ ဟု ဆင်ခြေဆင်လက် ပေးပါလိမ့်မည်။ ဒါမှမဟုတ်ရင်လည်း အရင်ရှေ့ ရက်တွေက ပုံမှန်အတိုင်းကုန်ဆုံးပြီး နှစ်ကုန်ဖို့ အလိုကျမှ Target ပြည့်ဖို့ အသကုန် အားထုတ်ကြိုးစားလိုက်မည် ဆိုပြီး အချိန်ဆွဲကြ။ နှစ်ကုန်ခါနီး ထင်သလို မဖြစ်လာမှ ဖိအားများ ၊ ဟိုလူကြောင့် ဒီလူကြောင့် ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုပြီး အပြစ်တင်ကြလိမ့်မည်။
နေ့စဉ်ရက်ဆက် > ပမာဏ
တစ်နေ့ တာချင်း ကို ၁ ရာခိုင်နှုန်း တိုးတက်အောင် လုပ်ဖို့ ဆိုတာက လူတိုင်းအတွက် အပင်ပန်းမကြီး ၊ ဖိအားမများလှပါ။ လုပ်နိုင်ကြလား မေးရင် လုပ်နိုင်ပါတယ် ပဲ ကြားရမှာပေါ့။ နေ့စဉ်ရက်ဆက် ဆိုရင်ကော မေးရင်တော့ တော်တော်များများ ဆွံ့အသွားကြလိမ့်မည်။ ဒါတွေကြောင့်ပဲ လောကမှာ အောင်မြင်သူတွေ လက်ချိုးရေလို့ ရနေတာ။
ဘယ်အရာမဆို လေ့လာသင်ကြားရာတွင်သော်လည်းကောင်း အလုပ်လုပ်ကိုင်ရာတွင်သော်လည်းကောင်း တစ်ရက်ထဲ တစ်ကြိမ်တစ်ခါတည်း အများကြီး သင်ကြားခြင်း (သို့) လုပ်ကိုင်ခြင်း ထက်စာရင် ပမာဏ နည်းသော်ငြားလည်း နေ့စဉ်ရက်ဆက် ကြိုးစား သင်ကြား အားထုတ် လုပ်ကိုင် ဖို့ ကသာ ပို၍ အဓိက ကြပါသည်။