Whistleblower

Whistle ဆိုတာ ဝီစီ … Blower မှုတ်တဲ့သူ … ၂ခုပေါင်းတော့ ဝီစီမှုတ်တဲ့သူ ပေါ့။

Informal ဗန်းစကား နဲ့ကတော့ မသမာမှုတခုခု ကို သတင်းပေး တိုင်ကြားသူ လို့ အဓိပ္ပါယ် ရပါတယ်။

သတင်းပေး တိုင်ကြားသူ ကို အကာအကွယ်ပေးရေး

ကိုယ် က မဟုတ်မမှန်တာ မသမာမှု ကို တိုင်ကြားချင်ပေမယ့် ကိုယ့်ကို သူတို့ သိပြီး အငြိုးထား … အမှုပတ် တိုင်ပတ်မှာ ကြောက်တဲ့သူတွေလည်း ရှိပါတယ်။ ဒါတွေအတွက် စိတ်မပူစေရမယ့် အာမခံချက်မျိုး ရေးပေးထားနိုင်ရင် ကောင်းပါတယ်။ ဒါမှလည်း သူတို့ လိုလိုလားလား သတင်းပေး တိုင်ကြားလာမှာပါ။

သတင်းပေး တိုင်ကြားဖို့ နေရာ

ဆက်သွယ် တိုင်ကြားဖို့ အတွက် … အီးမေး / ဖုန်းနံပါတ် နဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေ အတိအကျ ရေးပေးထားရပါမယ်။

သတင်းပေး တိုင်ကြားစာ

Whistleblower ကို လောလောဆယ် မြန်မာပြည်မှာကတော့ ဘဏ်တွေမှာပဲ တွေ့ရ မြင်ရသေးပါတယ်။ ဒါပေမယ့် ဘယ် အဖွဲ့အစည်း မဆို မသမာမှုအတွက် သတင်းပေး တိုင်ကြားဖို့ ရပ်ဝန်း လုပ်ထားသင့်ပါတယ်။

သတင်းပေး တိုင်ကြားမှု အတွက် ဆုကြေး

သတင်းပေး တိုင်ကြားတဲ့ သူတိုင်း ဆုကြေး မက်လို့ တိုင်တာ တောတာ မဟုတ်ပေမယ့် ဆုကြေး ပေးတယ် ဆိုရင်တော့ … လူတွေလည်း မဟုတ်မမှန် မလုပ်ရဲသလို … လုပ်ခဲ့ရင်လည်း တိုင်ဖို့ တောဖို့ လူတွေလည်း ပိုများနေမှာတော့ အသေအချာပဲ …

စားသောက်ဆိုင် ဘောင်ချာ မှာ အခွန်တံဆိပ်ခေါင်း မကပ်ပါက တိုင်ကြားနိုင်သလို မျိုးပါပဲ။