ဆရာကြီး ဦးအောင်သင်းရဲ့ အဆိုမိန့်များ

ဖိနပ် …..

ဘယ်လောက်အဖိုးတန်တန်

ခေါင်းမှာပန်လို့တော့ မရဘူး။

လူယုတ်မာ ……

ဘယ်လောက်တော်တော်

သူတော်ကောင်းဘွဲ့တော့ မရဘူး။

မိဘ. ……

ဘယ်လောက်ပဲ သားသမီးကိုချစ်ချစ်

မချစ်တတ်ရင် ချစ်ရာမရောက်ဘူး ။

သားသမီး …….

ဘယ်လောက်ပဲ မိဘကဆိုးဆိုး

မပြစ်မှားထိုက်ဘူး။

ဆရာ ……

ဘယ်လောက်ပဲ ပညာတွေစုံစုံ

လမ်းမှားကိုသင်ပေးနေရင်

တပည့်တွေဒုက္ခရောက်တယ်။

တပည့် …….

ဘယ်လောက်ပဲ ဆရာဆိုးဆိုး

လမ်းမှန်ကိုညွန်ပြရင် ချဉ်းကပ်သင့်တယ်။

သူငယ်ချင်း …..

ဘယ်လောက်ပဲ ကိုယ့်အပေါ်ကောင်းကောင်း

လမ်းမှားကိုဆွဲခေါ်နေရင် မပေါင်းထိုက်ဘူး ။

မိသားစု ….

ဘယ်လောက်ပဲ သဘောထားတွေ

ကွဲလွဲနေပါစေ. သွေးတော့မကွဲသင့်ဘူး ။

ချစ်သူ ….

ဘယ်လောက်ပဲ ချစ်ချစ်

နာကျင်မှုတွေပေးနေရင် လမ်းခွဲသင့်တယ် ။

ပတ်ဝန်းကျင် …..

ဘယ်လောက်ပဲ ဝေဖန်ဖန်

ကိုယ်အနေမှန်ရင်

ဝေဖန်တာတွေ ရပ်သွားလိမ့်မယ်။

စကား ……

ဘယ်လောက်ပဲ တတ်တတ်

လိုအပ်သလောက်ပဲ ပြောသင့်တယ်။

နား ……

ကိုယ်အပြောထက်

သူပြောကို နားထောင်ပေးတာ

ပိုပြီးအကျိုးရှိတယ်။

မျက်စိ ……

ကိုယ်ဘာမြင်လိုက်သလဲဆိုတာ

ကိုယ်ဘယ်လို ကြည့်သလဲဆိုတဲ့အပေါ်မှာ

မှုတည်တယ်။

အကျင့် …….

ဘယ်လောက်ပဲ ရုပ်ဆိုးဆိုး

အကျင့်ကောင်းနေရင် လူချစ်တယ်။

မာန. ……

ဘယ်လောက်ပဲ ပညာတတ်တတ်

မာန်ရှိနေရင် ပညာရှိ မဟုတ်ဘူး ။

စေတနာ …….

ဘယ်လောက်ပဲ ပါပါ

ဥာဏ်ပညာမပါရင် မထိရောက်ဘူး။

ဝီရိယ. ……..

ဘယ်လောက်ပဲ ကောင်းကောင်း

ဥာဏ်ပညာနဲ့မလုပ်ရင် မအောင်မြင်နိုင်ဘူး ။

ပိုက်ဆံ …….

မရှိခင် ချွေတာစုဆောင်းပြီး

ရှိလာတဲ့အခါ မျှဝေသုံးစွဲသင့်တယ် ။

အကောင်းမြင်စိတ် …..

မိမိစိတ်ကို ငြိမ်းချမ်းစေဖို့

လိုကို လိုအပ်တဲ့အရာဖြစ်တယ်။

စာအုပ် စာပေ. ……

စာပေအရသာကို

ခံစားမိရင်

စာဖတ်ချိန်ဆိုတာ

အလိုလို ရလာပါလိမ့်မယ်။

ဘာကြောင့် ကံကောင်းကြတာလဲ?

လဲကျတိုင်းသာ

ကြောက်စိတ်ဝင်မယ်ဆိုရင်

ဘယ်ကလေးမှ

လမ်းလျှောက်တတ်မှာ မဟုတ်ဘူး ။

လူတော်တော်များများက

ပြောတတ်ကြတယ် လူတစ်ယောက်

အောင်မြင်ပြီဆိုရင် သြော် သူကတော့

ကံကောင်းလိုက်တာနော် တဲ့ ။

သွားပြီး အဲ့စကားထဲမှာ အကုန်ပါသွားပြီ ။

ကံကောင်းလိုက်တာနော် လို့

ပြောတဲ့သူမှန်သမျှဟာ သူဘာလို့

အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး ။

သူ ဘယ်လိုကြိုးစား ခဲ့သလဲ ဆိုတာကို စိတ်မဝင်စားတော့ဘူး ။

အဲဒီတော့ ဘာတွေ အတုခိုးမလဲ

ဘာပညာ ဘာနည်းလမ်းမှ မရတော့ပါဘူး ။

ဂေါတမဘုရား ကံကောင်းလို့ ဘုရားဖြစ်ခဲ့တာမဟုတ်ဘူး ။

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ ။

အောင်မြင်သူတွေကို အားကျရင် နောက်ကြောင်းကို ကြည့်ပါ ။

သူဘာတွေလုပ်ခဲ့သလဲ သူဘယ်လောက် ကြိုးစားခဲ့လဲ ကြည့်ပါ ။

ဒါမှ ကိုယ့်အတွက် ဗဟုသုတရမှာပေါ့ ။

ကံကောင်းလိုက်တာနော် ဆိုတော့ လမ်းကဆုံးပြီ ။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေကိုကြည့် ကံကောင်းလို့ ချမ်းသာလာတာ မတွေ့ဖူးဘူး။

ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း မတွေ့ဖူးဘူး ။

ဘယ်တန်ခိုးရှင်က မစတာ မဟုတ်ဘူး ။

ကြိုးစားပါ ကိုယ့်ကိုယ်ကို ယုံကြည်ပါ ။

အဲဒါ တန်ခိုးပဲ ။

ငါ့တော့ ကံဆိုးလိုက်တာ ဆိုရင် အဲဒီလူ ကံဆိုးပြီးသာမှတ်တော့

ငါ့မဖြစ်နိုင်ပါဘူး ဆိုရင် အဲဒီလူ ဖြစ်ကို မဖြစ်တော့ဘူး ။

လုပ်ကြည့်ချင်စိတ်မှ မရှိတာ ။

ငါဖြစ်လောက်ပါတယ် ဆိုရင် အဲဒီလူ တစ်ခါတော့ ကြိုးစားကြည့်လိမ့်မယ်။

ဖြစ်ဖို့ အလားအလာရှိတယ် ။

ငါမဖြစ်သေးတာပါ ဆိုရင် အဲဒီလူ ၂ -ကြိမ် ၃ -ကြိမ်တော့ ကြိုးစားကြည့်

လိမ့်မယ်။ ဖြစ်ဖို့နီးစပ်တယ် ။

ငါ ဖြစ်ကိုဖြစ်ရမယ်ဆိုရင်

အဲဒီလူဖြစ်ကိုဖြစ်မှာ သူ့မှာ ထပ်တလဲလဲ ကြိုးစားလိုစိတ်ရှိတယ် သူ့မှာ

အောင်မြင်လိုစိတ် ပြင်းထန်တယ် ။

အောင်မြင်ချင်ရင် ဇွဲရှိရမယ်

ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့သတ္တိ

လဲကျတိုင်းသာ ကြောက်စိတ်ဝင်မယ်ဆိုရင်

ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာ မဟုတ်ဘူး ။

စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့အခါတိုင်း

ငါ ငယ်ငယ်က လဲဖူးပါလား

ငါပြန်ထလို့ အခုလို လမ်းလျှောက်တတ် လာတာပါလား ဆိုပြီး

ကိုယ့်ခွန်အားကိုယ်ပြန်မွေး ထိုင်နေရင်းနဲ့

တော့ မျှော်လင့်ချက်မထားနဲ့

ဘာမှမလုပ်ရင် ဘာမှ မရနိုင်ဘူး ။

လှိုင်းကြောက်ရင် လှေမစီးနဲ့

ကမ်းစပ်မှာပဲထိုင်နေ ။

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်။

အလုပ်မရှိရှင် စာဖတ်။

ဘဝအတွက် အထောက်အကူ အများကြီးရတယ် ။

အခွင့်အလမ်း မရှိခင်မှာ အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်း ဆိုင်ရာတွေကို ကိုယ့်ဘက်က အသင့်ပြင်ထား ready လုပ်ထား

မောင်းတင်ထား ဒါအလုပ်ပဲ ။

မာန်

ငါတိုးတက်အောင်လုပ်မယ်ဆိုတဲ့

ပြင်းပြင်းထန်ထန် ကြိုးစားလိုစိတ် မရှိတဲ့ကာလပတ်လုံး

ငါတိုးတက်ရမယ်ဆိုတဲ့ အဓိဌာန်မရှိသေးတဲ့ ကာလပတ်လုံး

မင်းဘယ်တော့မှ မတိုးတက်ဘူးဆိုတာ ပုံသေယုံပါ။

နေရာ

ဆံပင်ဆိုတာ ခေါင်းပေါ်မှာရှိနေတုန်းသာ
တန်ဖိုးရှိတာလေ … ။

ဟင်းခွက်ထဲရောက်သွားရင်
ရွံစရာဖြစ်သွားရော … ။

ဒါကြောင့် လောကမှာ
တန်ဖိုးရှိဖို့၊ နေရာမှန်မှာနေဖို့လိုပါတယ်။