“The Present လက်ဆောင်” ဆိုပြီး ခေါင်းစဉ် တပ်ထားတဲ့ Short Animation လေးဟာ ဆုပေါင်း (၅၀) ကျော် ဆွတ်ခူးပြီး ဖန်တီးသူ ကိုယ်တိုင် အများ ကြည့်ရှုခံစားနိုင်ရန် အလို့ ငှါ မျှဝေပေးထားပါတယ်။
“The Present” လက်ဆောင် ဇာတ်လမ်း ကို Fabio Coala ကာတွန်းဆရာ ၏ ကာတွန်းဇာတ်အိမ် မှ ရယူထားခြင်း ဖြစ်ပါသည်။
“The Present” is a graduation short from the Institute of Animation, Visual Effects and Digital Postproduction at the Filmakademie Baden-Wuerttemberg in Ludwigsburg, Germany.
ဂျာမနီ က နာမည်ကြီး Animation ကျောင်း ဆီမှ ဘွဲ့ ရစေခဲ့တဲ့ Short Animation တစ်ခု လည်း ဖြစ်ပါသည်။
Artist Website – Jacob Frey
Facebook Page – The Present
IMDB – The Present (2014)
This one got me = ဒီ ကားပိုင်းတိုလေး က ငါ ရင်ကို ထိစေတယ်။
အားနည်းချက် ရှိတဲ့သူတွေဟာ ကိုယ့်အားနည်းချက် အကြောင်းပဲ တွေးမိနေရင်း အားငယ်တတ်ကြတယ်။
လက်ဆောင် ဇာတ်လေး ထဲမှာ ခွေးလေးဟာ ခြေတဖက် မရှိသော်ငြားလည်း ရုန်းကန် ကြိုးစား တတ်တဲ့ ပုံစံတွေ ကြောင့် ကောင်လေး စိတ်အပြောင်းအလဲ ဖြစ်သွားတာ မြင်ရမှာပါ။
ဘဝတူချည်း အားပေးတာ က အရာ ပိုရောက်ပါတယ်။ ဒါကြောင့်လည်း Support Group တွေမှာ ဘဝတူ အချင်းချင်းမှာ အတွေ့အကြုံ ရှိတဲ့ Senior တွေက အခုမှ ရောက်လာတဲ့ Junior တွေကို အားမငယ်အောင် သူတို့ရဲ့ အတွေ့အကြုံ၊ ဖြတ်သန်းခဲ့ရတဲ့ ဘဝနေပုံစံ၊ ဆောင်ရန် ရှောင်ရန်တွေ …
ဥပမာ – အသံအိုး ခွဲထုတ်ထားပြီး စကားမပြောနိုင်တော့တဲ့ Laryngectomy Support Group တွေမှာ Electrolarynx လျှပ်စစ်စကားပြောစက် နဲ့ ကြွက်သားထောက် စကားပြောရင် ပြော။ ပိုက်ဆံ မတတ်နိုင်ရင် ဗိုက်ထဲက လေခပ်ထုတ်ပြီး အသံထွက် စကားပြောရင် ပြော။