
Email Etiquette
The Etiquette of Group Email
To = သို့ / ဆီ သို့
CC = Carbon Copy ကာဗွန်မိတ္တူ / တထေရာတည်း တူတဲ့ မိတ္တူ
BCC = Blind Carbon Copy မမြင်ရတဲ့ ကာဗွန်မိတ္တူ
DO use the “To” & “CC” fields with Care
“To” & “CC” ကို သတိထား သုံးပါ …
“To” ကိုတော့ သူ့ဆီကို တိုက်ရိုက် ရည်ညွှန်း ပို့ပေးတာ ဖြစ်ပါတယ်။ သူ့ဆီက ပြန်စာ ရဖို့ မျှော်လင့်တာမျိုး လည်း ဖြစ်နိုင်ပါတယ်။
“CC” ကတော့ For Your Information (FYI) အသိပေးရုံ သက်သက်လောက်ပါပဲ။
DO use the “BCC” to protect PRIVACY
PRIVACY ဆန်ပြီး အခြားသူ မသိ မမြင် စေချင်ရင် “BCC” ကို သုံးပါ …
အကယ်၍ လူအများကြီး ကို တပြိုင်တည်း အီးမေး တခါတည်း ပို့ချင်တယ် … တယောက် နဲ့ တယောက် ကိုလည်း သူတို့ အချင်းချင်း အီးမေး အကောင့် ကို မမြင်သင့် မတွေ့အောင် “BCC” နဲ့ ပို့သင့်ပါတယ်။
Email Marketing
Sales & Marketing သမားတွေ ကတော့ “To” မှာ sales@company.com ထည့်ပြီး “BCC” မှာတော့ ဖောက်သည်တွေရဲ့ အီးမေးတွေ တခါတည်း ထည့်ပို့ ကြပါတယ်။
ဒါကတော့ Manual တယောက်ချင်းစီ ချိတ် … ပို့ရတာမျိုးပါ …
အခုနောက်ပိုင်း CRM App တွေမှာ Email Marketing ကို သက်ဆိုင်ရာ အုပ်စု Group ကို ရွေး ပို့လို့ ရလို့ ပိုမြန် ပိုသက်သာသွားပါတယ်။ CRM App ကနေ ပို့ရင်လည်း သူတို့ “BCC” ချိတ်ပြီးပဲ ပို့ပေးတာပါ …
ဖောက်သည်တွေ တွေ့မှာက Sender အီးမေး ပို့တဲ့သူ နဲ့ To မှာရှိတဲ့ အီးမေး နဲ့ ကိုပဲ မြင်ရမှာ ဖြစ်ပါတယ်။ Reply နှိပ်ရင်တော့ Sender ဆီပဲ ရောက်မှာ ဖြစ်ပါတယ်။ Reply All နှိပ်ခဲ့ရင်တောင် Sender & To. တွေ ဆီပဲ ရောက်မှာ ဖြစ်ပါတယ်။
DO bring Clarity when you REPLY ALL.
“REPLY ALL” အားလုံး ကို အကြောင်းပြန်မယ် … ကို သေချာမှ သုံးပါ …
အားလုံး ကို အကြောင်းပြန်တယ် REPLY ALL ဆိုတာ အားလုံး နဲ့ သက်ဆိုင်လို့ပါ။ အကယ်၍ အားလုံး ထဲက လူတချို့ ကိုပဲ ကိုယ်စားပြုတယ် ဆိုရင် … အစ နိဒါန်း နှုတ်ဆက် ကတည်းက ရှင်းရှင်းလင်းလင်း ဖော်ပြထားပါ … ဒါမှသာ ကိုယ်နဲ့ မဆိုင်ရင် ဆက်မဖတ်တော့ဘဲ ကျော်သွားလို့ ရမှာ ဖြစ်ပါတယ် …
DON’T include Unnecessary Recipients
မသက်ဆိုင်တဲ့သူတွေ မပါပါစေနဲ့
အီးမေး ထဲမှာ ထည့်ထားတဲ့သူတွေ ဟာ ထည့်ထားဖို့ အကြောင်းပြချက် / ရည်ရွယ်ချက် ရှိလို့ ထည့်ထားတာမျိုး ပဲ ဖြစ်ရပါမယ် … မဆိုင်တဲ့သူတွေ ကို ပြန်ဖြုတ်ပြီး မထည့်ပါနဲ့ …
အီးမေး နောက်ဆုံး ပို့ခါနီး မှာ နောက်တကြိမ် Double Check ပြန်စစ်ပါ …
One Reply to “To. CC. BCC”
Comments are closed.