ဘာကြောင့် အောင်မြင်သူတိုင်း ၏ အကြံဉာဏ် ကို မယုံကြည်သင့်တာလဲ

အောင်မြင်သူတွေ ရဲ့ အကြံဉာဏ်တွေ မှာ ကံကောင်းမှု (Luck) တွေ ပါနေတတ်တယ် ဆိုတာ သတိပြုမိအောင် အသေးစိတ် ရှင်းပြသွားတယ်။ မယူသင့်ဘူး လို့ လုံးဝ မပြောထားပါဘူး။ ဒါပေမယ့် အခြေအနေ အချိန်အခါ အလိုက် ကို ကိုယ်ပိုင်ဉာဏ် နှင့် စဉ်းစား ချင့်ချိန် ဆင်ခြင်တတ်တဲ့သူ ဖြစ်ပြီး အကျိုးသင့် အကြောင်းသင့် သင့် ကို ရှင်းပြနိုင်ရင်တော့ ယုံကြည်သင့်ပါတယ်။

စတော့ရှယ်ယာ အကြံပေး ကုမ္ပဏီ ၁ခု က လူပေါင်း ၂၅,၀၀၀ ကို ၂ဖွဲ့ ခွဲပြီး ၁ဖွဲ့ ကို ရှယ်ယာဈေး တက်မယ် ပြော၊ ကျန် ၁ဖွဲ့ကို ရှယ်ယာဈေး ကျမယ်ပြော။ မှန်တဲ့အဖွဲ့ ကို အရင်အတိုင်း ၂ဖွဲ့ ထပ်ခွဲပြီး ခန့်မှန်းပေးတဲ့စာ ထပ်ပို့မယ်။ ၁၀ခါ ခန့်မှန်းပေးပြီးတဲ့အခါမှာတော့ ၂၅,၀၀၀ ထဲက လူ အယောက် (၅၀) က ခန့်မှန်းတဲ့ (၁၀)ခါစလုံး အမြတ်ရနေပါလိမ့်မယ်။ ကုမ္ပဏီ ကတော့ အဲ့ အယောက် (၅၀) ရဲ့ Report မှတ်တမ်း နဲ့ ဖောက်သည်အသစ်တွေကို ကြော်ငြာ ဆွဲဆောင်မှာပဲ။ ဒီအယောက် (၅၀) ကို အင်တာဗျူး တာကလည်း လိမ်တာ မဟုတ်ပေမယ့်လည်း မရိုးသားတာပဲ။

လူတွေက အောင်မြင်သူတွေ ရဲ့ အပြောတွေ စကားတွေ သာ နားထောင်ချင်ကြ အတုယူချင်ကြတာ။ ကျရှုံးသူတွေ ဆီက သင်ခန်းစာတွေ အတွေ့အကြုံတွေ ကိုတော့ မယူချင်ကြ နားမထောင်ချင်ကြဘူး။ ဘယ်အရာ အရေးကြီးသလဲ ဆိုတဲ့ မေးခွန်းအတွက် အဖြေ မရှိပေမယ့် နှစ်ခုလုံးတော့ တန်ဖိုးရှိ အရေးကြီးတယ် လို့ ထင်တယ်။
မှတ်သားဖူးတဲ့ စကား တစ်ခု ကို မျှဝေပေးချင်ပါတယ်။

ပညာမဲ့သူ ဟာ ကိုယ့်အမှား ကတောင် သင်ခန်းစာ မယူတတ်ကြပါဘူး။
ပညာတတ် ကတော့ ကိုယ့်အမှား က သင်ခန်းစာ ယူတတ်ကြတယ်။
ပညာရှိ ကျတော့ ကိုယ့်အမှား တင်မက အခြားသူ အမှားတွေ ကပါ သင်ခန်းစာ ယူတတ်ကြတယ်။

.\rrr\uu