လောကဓံ

လောကဓံ တရား (၈) ပါး

တည်ငြိမ်ရင့်ကျက်ပြီး လောကဓံကို ခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုရင်……..

၁။ ပစ္စည်းဥစ္စာတွေ ရရှိနေလည်း ———— မာန်မတက်သင့်ဘူး။

၂။ ပစ္စည်းဥစ္စာတွေ မရရင်လည်း ———— စိတ်မဆင်းရဲသင့်ဘူး။

၃။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ ရှိနေလည်း ———— သိပ်ပျော်စရာလို့ မမြင်သင့်ဘူး။

၄။ မိတ်ဆွေသူငယ်ချင်းတွေအနားမှာ မရှိလည်း ———– ခပ်အေးအေးပဲနေတက်ရမယ်။

၅။ ချီးမွမ်းခံရလို့လည်း ———— ဝမ်းမြောက်ဝမ်းသာမဖြစ်သင့်ဘူး။

၆။ ကဲ့ရဲ့ ခံရလို့လည်း ————– ဒေါသမဖြစ်သင့်ဘူး။

၇။ ဆင်းရဲခြင်းကြုံတွေ့ရလည်း ———— ကြံကြံခံနိုင်ရမယ်။

၈။ ချမ်းသာခြင်းကို ကြုံတွေ့ရလည်း ———— ထောင်လွှားမာန်တက်ခြင်းမဖြစ်သင့်ဘူး။

လူ့သဘာဝကတော့ ပျော်စရာရှိရင်ပျော်လိုက်တယ်၊ ဝမ်းနည်းစရာရှိရင် ဝမ်းနည်းနေမယ်။ ဒါပါပဲ။ ဒါပေမယ့် ဘာကိုမှ လွန်လွန်ကြူးကြူး မဖြစ်ဖို့နဲ့၊ ပျော်စရာ၊ ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အခါ၊ ပျော်ရွှင်မှုတွေနဲ့ ကိုယ်လိုချင်တာတွေဖြစ်နေတုန်းမှာလည်း ဒါတွေဟာ လောကဓံ လို့ သတိလေးထားပြီး သိပေးလိုက်ရင်……. စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ ကိုယ်ဖြစ်ချင်တာတွေမဖြစ်လာတဲ့အခါ ခံစားရတာ နည်းနည်းသက်သာတယ်။

ပါချုပ် ဆရာတော် ၏ လောကဓံ တရား

လောကဓံ အပေါ် ကျနော့် အမြင်

ကောင်းကောင်း ဆိုးဆိုး
တွေ့ကြုံရမှာပဲ …

ကောင်းကောင်း ဆိုးဆိုး
ဘယ်အရာမှလည်း မမြဲဘူး …

မမြဲတဲ့ တရား / လောကဓံ ကို
ဆင်ခြင်မိရင် ဘာဖြစ်ဖြစ်
စိတ်အတက်အကျ မဖြစ်တော့ဘဲ
စိတ်တည်ငြိမ်စွာ ထားနိုင်ပါလိမ့်မယ် …

Reference

ဝီကီပီးဒီးယား | လောကဓံ

သန့်တည်ပွား | လောကဓံ ၈ ပါး