
ပရော်ဖက်ရှင်နယ် ပီသတယ် ဆိုတာ …
သင် လုပ်နေတဲ့ အလုပ်/ရာထူး နဲ့ မသက်ဆိုင်ပါဘူး …
သင် အလုပ် ကို ဘယ်လို လုပ်သလဲ နဲ့သာ သက်ဆိုင်ပါတယ် …
ကိုယ် ပိုက်ဆံယူ လုပ်သည် ဖြစ်စေ၊ အလကား လုပ်ပေးသည် ဖြစ်စေ … ကိုယ် လုပ်တဲ့ နယ်ပယ် မှာတော့ လက်မထောင်နိုင်လောက်အောင် စာတွေ့၊ လက်တွေ့ ၊ ပညာ နှင့် အတွေ့အကြုံ နှံ့စပ်နေပြီး ကိုယ့်ဘာသာကိုယ် ယုံကြည်ချက် ရှိနေရမယ်။ ဒါက ငါနှင့် ငါသာ နှိုင်းစရာ ဟု အတ္တမာန ထောင်လွှားဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ် လုပ်ပေးလိုက်တဲ့ အလုပ် က သူများနှင့် မတူဘဲ သာလွန်ကောင်းမွန်ပြီး ကိုယ့်ဖောက်သည် အတွက် အကျိုးရှိ အဆင်ပြေဖို့ အတွက်သာ ရည်ရွယ်ရပါမည်။