အပ္ပမာဒေန သမ္မာဒေထ

ပါဠိ အနက် ပြန်ဆိုခြင်း

မမေ့မလျော့ မပေါ့မတန်
အစဉ်သဖြင့် သတိတရားဖြင့်
နေကြလော့ ။

ဒီဃနိကာယ် မဟာဝဂ္ဂပါဠိ – ၁၂၈ မှ ကောက်နှုတ်ချက်
မြန်မာ့အလင်း အတွဲ(၅၄) အမှတ်(၂၃) မှ ကူးယူဖော်ပြပါသည်။

သတ္တဝါ အများ အို ချစ်သားတို့။

ကံ၊ စိတ်၊ ဥတု၊ အာဟာရ တည်းဟူသော အကြောင်းတရား လေးပါးတို့ ပြုပြင်သမျှ စီရင်သမျှ ခံနေကြရကုန်သော ရုပ်နာမ် နှစ်ပါး၊ သင်္ခါရတရား တို့သည် ဖြစ်လျှင် ပျက်သော သဘော ရှိကုန်၏။

မြဲမြံသော သတိ ဖြင့် သီလ၊ သမာဓိ၊ ပညာ တရား တို့ကို ပြည့်စုံ တိုးပွားအောင် အားထုတ်ရစ်ကုန်လော့။