Rich Kid

Freepik – Drobotdean

တစ်ခါက ပြည်တွင်း လေကြောင်း ခရီးသွားရင်းက ရိုးရိုးတန်း မှာ စီးလာတဲ့ သူ့အဖေကြီး ကို ခရီးကြုံတဲ့ စာနယ်ဇင်းသမား တစ်ဦး က မေးခွန်းထုတ်တဲ့ အကြောင်းပါ။

သားတွေ သမီးတွေက ပထမတန်း က လေယာဉ်စီးနေတဲ့ အချိန်မှာ ဆရာကြီးကတော့ ဘာလို့ ရိုးရိုးတန်းက စီးရပါသလဲ ?

ဒီတော့ အဘိုးကြီးက –

အို၊ သူတို့ အဖေ က ချမ်းသာတာကိုး။ ကျပ်မှာ ချမ်းသာတဲ့ အဖေ မှ မရှိတာဘဲ

လို့ ရိုးရိုးစင်းစင်းကြီး ဖြေလိုက်တယ်ဆိုပဲ။

Source: “ညီညီနိုင် – တကယ်လုပ်ပြီး အဟုတ်ဖြစ်နေသူများ” စာအုပ်မှ အပိုင်းအစ

ကိုယ့်လုပ်အား နဲ့ ရလာတဲ့ သူ က
ငွေ ကို ပို တန်ဖိုးထားတတ်တယ်။