
Yangon Galacticos (YG)
PUBG Mobile World Cup (PMWC) 2025 Champion
PUBG Mobile မပစ်တတ်ပေမယ့်လည်း အားပေးခဲ့ရတဲ့ ပွဲလေး ပါ။ ရှေ့ပွဲတွေ ကြက်သား မစားနိုင်တော့ နောက်ဆုံးပွဲလေး အထိ ရင်ခုန်ရတဲ့ ပွဲလေး ပါ။
128 points ပြည့်ရင် နိုင်ပြီ ထင်နေတာ။ နောက်ပွဲ ဆက်ဆော့တော့မှ ဘာလို ဖြစ်မှ နိုင်တာလဲ ရှာဖတ်။ Smash Rule အကြောင်း ရှာဖတ်။ ဒီ ဖလား မှ စတင် မိတ်ဆက်တာ သိပြီး အားပေးခဲ့ရတာ။
🏆 TOGETHER AS ONE 🏆
မြန်မာ တနိုင်ငံလုံး က Streamer တွေ ကလည်း သူတို့ ဆော့တဲ့ ဂိမ်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ၊ မြန်မာ ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ … အားပေးခဲ့ကြတယ်။
YG ကလည်း အမှတ်တရ နဲ့ ကျေးဇူးတင် ဗီဒီယို လုပ်ပေးခဲ့တာ ကလည်း ကောင်းတယ်။ သူတို့ ရဲ့ အသင်း အဖွဲ့ စုစည်းမှု ကို သဘောကျတယ်။
လက်ခမောင်းခတ်
လက်ခမောင်းခတ် တဲ့ Gesture လေး ကို သဘောကျတယ်။
မြန်မာ လက်ဝှေ့ မှာ ပြိုင်ဘက် ကို စိန်ခေါ် သော အမူအရာ …