

Mad Unicorn [2025] Thai Series ဇာတ်လမ်းတွဲ က ဖြစ်ရပ်မှန် ကို အခြေခံ ဇာတ်အိမ် တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။
Entrepreneur စွန့်ဦးတီထွင် လုပ်ငန်းရှင် ဖြစ်ချင်သူ အတွက် ကြည့်သင့်တဲ့ ကား မျိုးပါ။
ရုပ်ရှင်ဇာတ်လမ်းတွဲ ၂ ခု ရှိသလို Tagline ကလည်း ၂ ခု ကွဲသွားပါတယ်။
Fight like Underdogs,
Rise as Unicorns.
အရှုံးသမား လို တိုက်ခိုက်ပြီး … အောင်နိုင်သူ လို ဝံ့ကြွား …
From Nobody to Unicorn,
The Underdog takes on the Tycoon.
ဘဝ မဟုတ်တဲ့ သာမန်သူ တယောက် ကနေ ကျိကျိတက် ချမ်းသာတဲ့ လုပ်ငန်းစု သို့ …
အရှုံးသမား နိုင်ခြေနည်း တဲ့သူ က လုပ်ငန်းစု သူဌေးကြီး ကို အနိုင်ယူ လိုက်နိုင်တယ် …
Unicorn
Unicorn ဆိုတာ $ 1 Billion တန်ဖိုး ရှိတဲ့ ကုမ္ပဏီ ကို ခေါ်ဆိုတာပါ …
Komsan Saelee &
FLASH EXPRESS

ဇာတ်လမ်းတွဲ ထဲမှာတော့ THUNDER မိုးကြိုး အမှတ်တံဆိပ် နဲ့ ပေါ့ … အပြင် လက်တွေ့ မှာတော့ FLASH အလင်းတဖြတ် အမှတ်တံဆိပ် နဲ့ … ၂ ခု စလုံး ကတော့ ⚡စတိုင် နဲ့ …
ကုမ္ပဏီ နဲ့ ဂိုဒေါင် မှာ အမှတ်တံဆိပ် စာလုံးပေါင်း မှား နေတာ ကလည်း အသက် …