
Alan Turing
Alan Turing သင်္ချာပညာရှင်၊ ဝှက်စာဖော်ရတာ ကို စိတ်ဝင်စားတဲ့သူ တယောက် … စစ် ကို မုန်းလို့ … ဂျာမန်တွေ ရဲ့ Enigma ကို ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ် …
အခုခေတ် မော်ဒန် ကွန်ပျူတာတွေ Modern Computers နှင့် ဉာဏ်ရည်တု Artificial Intelligence (AI) တွေရဲ့ အခြေခံ အုတ်မြစ် အတွေးအခေါ် ဖော်ထုတ်ခဲ့သူ …
The Turing Test
အခုနောက်ပိုင်း The Turing Test လို့ ခေါ်နေကြပေမယ့် Alan Turing ကတော့ The imitating game လို့ ခေါ်တယ်။ ကွန်ပျူတာ/စက် က လူနဲ့ တူတဲ့ ဉာဏ်ရည် အရည်အသွေး ကို လုပ်နိုင်တာ ကို စစ်ဆေးတာပါ။ စစ်ဆေးသူ က လူ လုပ်ထားတာလား ကွန်ပျူတာ လုပ်ထားတာလား ခွဲခြားနိုင် / မခွဲခြားနိုင် ပဲ ကြည့်တာပါ။ အဖြေ မှန်အောင် ဖြေနိုင်လား / မှန်အောင် လုပ်နိုင်လား ပေါ် မမူတည်ပါဘူး။ မကြည့်ပါဘူး။
