Limitless [2011]

♾️Limitless♾️

အကန့်အသတ် မရှိ / အနန္တ လို့ အဓိပ္ပါယ် ဖွင့်ရမှာပါ။

2015-2016 Series ဇာတ်လမ်းတွဲကား လည်း ဒီနာမည် ဒီဆေး ပါပဲ။

2022-2025 Documentary Series with Chris Hemsworth – Live Better Now ကိုယ် စိတ် ခန္ဓာ ကျန်းမာ သန်စွမ်း ကောင်းမွန်

📖 Based on a Book 📖

2011 Movie ရုပ်ရှင် က အိုင်းရစ်စာရေးဆရာ Alan Glyn ရဲ့ The Dark Fields [2001] ဝတ္ထု ကို မှီငြမ်းပြီး ရိုက်ကူးထားတာပါ …

💊NZT-48💊

အကန့်အသတ် မရှိ / အနန္တ ဆေးလုံး သောက်လိုက်ရင် ဦးနှောက် စွမ်းဆောင်ရည် အပြည့် (100%) အသုံးချနိုင်သွားပါတယ် …

‌တန်ဆေးလွန်ဘေး ဆိုတဲ့ အတိုင်း သောက်သုံးတာ လွန်လာရင်တော့ Side Effects ဆိုးကျိုးတွေ ခံစားရလာမှာပါ … ပျို့အန်တာ၊ ဘာဖြစ်ခဲ့မှန်း မသိတော့တဲ့ အထိ ဖြစ်တာ၊ စသဖြင့် …

💭If အကယ်၍သာ💭

ငါ သာ ဆိုရင် … … …

တွေးလို့ ကောင်းတဲ့ Sci-Fi Fiction စိတ်ကူးယဉ် သိပ္ပံကားမျိုး ဖြစ်လို့ ကြိုက်ပါတယ် … မဖြစ်နိုင်ပေမယ့်လည်း တွေးမိနေမိပါတယ် …

🤔 Goofy 🤔

‌မေးခွန်း ထုတ်ဖို့ ကောင်းတာက …
ရှိတဲ့ငွေ ကို ၄ဆ တောင် ပွားအောင် လုပ်နိုင်သေးတာပဲ …
ဘာလို့ သူများဆီ လိုက်ချေးနေအုံးမှာလဲ …
ပြီးတော့ သူများအောက် အလုပ်လုပ်နေအုံးမှာလဲ …