
မြန်မာကိန်းဂဏန်းများ သည် မြန်မာဘာသာတွင် အစဉ်အဆက်အသုံးပြုထားသော ကိန်းဂဏန်းများဖြစ်ပြီး အာရပ်ကိန်းဂဏန်း များကိုလည်း အသုံးပြုသည်။ မြန်မာကိန်းဂဏန်းများသည် အခြားကမ္ဘာ့နေရာများတွင် အသုံးပြုလေ့ရှိသော ဟိန္ဒူ – အာရဗီဂဏန်းစနစ်ကို ကျင့်သုံးသည်။
သုည မှသည် ကိုး အထိ
EN | MM ဂဏန်း | MM စာဖြင့် |
---|---|---|
0 | ၀ | သုည |
1 | ၁ | တစ် |
2 | ၂ | နှစ် |
3 | ၃ | သုံး |
4 | ၄ | လေး |
5 | ၅ | ငါး |
6 | ၆ | ခြောက် |
7 | ၇ | ခုနစ် |
8 | ၈ | ရှစ် |
9 | ၉ | ကိုး |
တစ် မှသည် ကုဋေ အထိ
EN | EN ထပ်ကိန်း | MM စာဖြင့် | EN စာဖြင့် |
---|---|---|---|
1 | 1 x 100 | ခု | One |
10 | 1 x 101 | ဆယ် | Ten |
100 | 1 x 102 | ရာ | One Hundred |
1,000 | 1 x 103 | ထောင် | One Thousand |
10,000 | 1 x 104 | သောင်း | Ten Thousand |
100,000 | 1 x 105 | သိန်း | Hundred Thousand |
1,000,000 | 1 x 106 | သန်း | One Million |
10,000,000 | 1 x 107 | ကုဋေ | Ten Million |
အင်္ဂလိပ်စာ ဂဏန်းတွေ ဆို စာဖြင့် ပြောင်းခေါ်ရင် ၃လုံး တဖြတ်၊
တရုတ်စာ မှာတော့ ၄လုံး တဖြတ်။
မြန်မာ ဂဏန်းတွေ မှာတော့ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ ကုဋာ ဆိုပြီး ခေါ်တော့ ဂဏန်း နေရာ တခုချင်းစီ အတွက် နေရာ အခေါ်အဝေါ် ရှိနေလို့ စနစ် မရှိဘူး လို့ ထင်ခဲ့မိပါတယ်။ အမှန်တော့ မြန်မာဂဏန်း အခေါ်အဝေါ် စာ က ၇လုံး တဖြတ် ပါ။
105 တသိန်း ဆိုတာ တစ် နောက်မှာ သုည အလုံး အရေအတွက် (၅) လုံး ရှိတယ် လို့ ဆိုလိုပါတယ်။
ကုဋာ တခုတည်း ရဲ့ အဓိပ္ပါယ်တော့ ရှာမဖွေပါ။
ကုဋေ ကုဋာ
များစွားသော အရေအတွက်
တစ် မှသည် အင်္သေချေ အထိ
Sr. | EN ထပ်ကိန်း | MM စာဖြင့် |
---|---|---|
1 | 1 x 100 | တစ် |
2 | 1 x 107 | ကုဋေ |
3 | 1 × 1014 | ကောဋိ |
4 | 1 × 1021 | ပကောဋိ |
5 | 1 × 1028 | ကောဋိပကောဋိ |
6 | 1 × 1035 | နဟုတံ |
7 | 1 × 1042 | နိန္နဟုတံ |
8 | 1 × 1049 | အက္ခဘေိဏီ |
9 | 1 × 1056 | ဗိန္ဒု |
10 | 1 × 1063 | အဗ္ဗုဒ |
11 | 1 × 1070 | နိရဗ္ဗုဒ |
12 | 1 × 1077 | အဗဗ |
13 | 1 × 1084 | အဋဋ |
14 | 1 × 1091 | သောကန္ဓိက |
15 | 1 × 1098 | ဥပ္ပလ |
16 | 1 × 10105 | ကုမုဒ |
17 | 1 × 10112 | ပဒုမ |
18 | 1 × 10119 | ပုဏ္ဍရိက |
19 | 1 × 10126 | ကထာန |
20 | 1 × 10133 | မဟာကထာန |
21 | 1 × 10140 | အသင်္ချေ |
အင်္သေချေ
အင်္သေချေ ဆိုတာ တစ် နောက်မှာ သုည အလုံး (၁၄၀) တောင် ရှိတဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ ပမာဏ ပါ။ ဒါအပြင့် တခါတရံ ရေတွက်၍ မရနိုင်လောက်အောင် များပြားတယ် လို့ ဆိုလိုချင်ရင်လည်း သုံးပါတယ်။ ဒါကို မြတ်စွာဘုရား တဆူ ပွင့်ပြီး နောက်တဆူ ပွင့်ဖို့ ကြာချိန် ကို ပြောတဲ့ “လေးအသင်္ချေ နှင့် ကမ္ဘာတစ်သိန်း” မှာ သုံးပါတယ်။
ကိုးကား
ဝီကီပီးဒီးယား | မြန်မာကိန်းဂဏန်းများ