Extended Reality (XR)

Virtual Reality (VR)

VR ဆိုတာ VR Headset တပ်လိုက်ပြီး အပြင်လောက ကို မမြင်ရတော့ဘဲ … အသွင်ယောင် လောက / အတုအယောင်လောက ကို သုံးဖက်မြင် ရုပ်လုံးကြွ မြင်ရ ကြားရ … ကိုင်တွယ် ထိတွေ့ ဖို့ လုပ်ဆောင်နိုင်ဖို့ ကတော့ ပစ္စည်းတွေ (ဥပမာ … လက်ကိုင် Tool, လှုပ်ရှားစက်) လိုအပ်ပါမယ် …

Augmented Reality (AR)

AR ဆိုတာ အပြင်လောက မှာ အသွင်ယောင် ပစ္စည်းတွေ တွဲပြီး မြင်ရ တွေ့ရအောင် လုပ်ထားတာပါ … မြင်ရ တွေ့ရ ဖို့ကတော့ သတ်မှတ်ထားတဲ့ App, Tool တွေ လိုအပ်ပါမယ် …

Mixed Reality (MR)

VR Headset တပ်ထားပြီး AR အသွင်ယောင် ပစ္စည်းတွေ နဲ့ တုံ့ပြန်တာမျိုး ဖြစ်ပါတယ် … လှည့်ကြီးတာမျိုး … ချဲ့ကြည့် ချုံ့ကြည့်တာမျိုး …

Augmented Virtuality (AV)

AR, VR, MR အပြင် Augmented Virtuality (AV) ဆိုတာလည်း ရှိပါသေးတယ်။

AR က အပြင်လောက ကို အသွင်ယောင် ပစ္စည်း ထည့်သွင်းတာ …
AV က ပြောင်းပြန် …
AV က အသွင်ယောင်လောက ကို အပြင် ပစ္စည်း ထည့်သွင်းတာ …

Extended Virtuality (XR)

AR, VR, MR, AV တွေနဲ့ ဆန်းသစ် တီထွင် လာပြီး လုပ်နိုင်စွမ်းတွေ တခု နဲ့ တခု စုပေါင်း လာတဲ့ အခါ မှာတော့ XR လို့ ခေါ်ဝေါ် လိုက်တာပဲ။

‌အခု မြန်မာနိုင်ငံ မှာတော့ ပြောတာ လုံးဝ မတွေ့ဘူး သေးပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေ မှာတော့ ဖော်ပြလာတာ များလာပြီ။ နောက်ပိုင်း ဒီ အခေါ်အဝေါ် က အပြောများ အကြားများ လာလိမ့်မယ်။ လုပ်နိုင်စွမ်းတွေလည်း တစ ထက် တစ ပိုကောင်းလာပါလိမ့်မယ်။

အတုယောင် လောက ~ အပြင် လောက
Virtual world ~ Real world

Research & Development (R&D)’s Vision

ဈေးကွက် ဦးတဲ့ သူရော၊ နည်းပညာကောင်း ပစ္စည်းကောင်းတဲ့ သူရော အကျိုး ရှိမှာမို့ … တိုးတက် ကောင်းမွန်အောင် ငွေအား လူအား ရင်းနှီး မြှပ်နှံ ကြအုံးမည်။ အဲ့တော့ ဘယ်သူ ဘယ်ဝါ ဘယ်ကုမ္ပဏီ ဘယ်အမှတ်တံဆိပ် တွေ ပေါ်ပေါက် လာအုံးမလဲ ကတော့
Stay Tuned … Coming Soon … မကြာမှီ လာမည် … မျှော် …

ဘယ်ဟာ မဆို ကောင်းကျိုး ဆိုးကျိုး ဒွန်တွဲ နေမည်သာ … ကောင်းကျိုး ကိုပဲ အသုံးချနိုင်အောင် ကြိုးစားပြီး ဆိုးကျိုး မရှိအောင် / နည်းအောင် လုပ်ကြရမှာပဲ …