
- လာဘ – လာဘ် ပေါများ၍ တက်ကြွတုန်လှုပ်ခြင်း။
- အလာဘ – လာဘ်နည်း၍ ညှိုးငယ်တုန်လှုပ်ခြင်း။
- ယသ – အခြံအရံများ၍ တက်ကြွတုန်လှုပ်ခြင်း။
- အယသ – အခြံအရံနည်း၍ ညှိုးငယ် တုန်လှုပ်ခြင်း။
- ပသံသာ – ချီးမွမ်းခံရ၍ ဝမ်းမြောက်တုန်လှုပ်ခြင်း။
- နိန္ဒ – အကဲ့ရဲ့ခံရ၍ ဝမ်းနည်း တုန်လှုပ်ခြင်း။
- သုခ – ချမ်းသာကိုစွဲ၍ ဝမ်းသာတုန်လှုပ်ခြင်း။
- ဒုက္ခ – ဆင်းရဲကိုစွဲ၍ ညှိုးငယ်ပူပြင်း စိုးရိမ်တုန်လှုပ်ခြင်း။
ဘယ် အရာ မှ မမြဲဘူး …
This too will pass …
လောက မှာ ကောင်းတာတွေလည်း ကြုံမှာပဲ … ဆိုးတာတွေလည်း ကြုံတွေ့ရမှာပဲ … ဒါက မမြဲတဲ့ လောက တရား ပဲ။ ကောင်းတာ ကြုံကြုံ၊ ဆိုးတာ ကြုံကြုံ … တည်ငြိမ်ရင့်ကျက်စွာ နေနိုင်တဲ့သူ က လောကဓံ ခံနိုင်ရည် ရှိတဲ့သူ ပဲ။ မမြဲဘူး ဆိုတဲ့ အသိ ကို အာရုံသွင်းထားရင် ကောင်းကောင်း ဆိုးဆိုး သိပ်မခံစားရတော့ဘူး။