
Posture ကိုယ်ဟန် အနေအထား
တစ်နေကုန် ထိုင်နေခြင်းသည် သင့် ခန္ဓာကိုယ်ကို ထိခိုက်စေတာက လူအများ သတိပြုမိပြီး ဖြစ်ပါတယ်။ လေ့ကျင့်ခန်း ၁နာရီ လုပ်အုံးပါစေ၊ သင့်က Knowledge Worker (White Collar) ဉာဏ်ဏ ဝန်ထမ်း ဆိုရင် ထိုင်နေချိန်က ပိုများနေပါသေးတယ်။ ဒါကြောင့် ကျန်းမာရေး မထိခိုက်အောင် လုပ်နိုင်တဲ့ နည်းလမ်း တစ်နည်းကတော့ သင့်ကိုယ်ဟန် အနေအထား မှန်မှန် ထိုင်ခြင်း ဖြစ်ပါတယ်။
သင့်ကျောက အမှီ ဒါမှမဟုတ် အထောက်အပံ့ ကောင်းကောင်း ရှိနေရပါမယ်။ သင့် ခြေထောက်တွေကိုလည်း သက်တောင့်သက်သာ အနေအထား ထားထားရပါမည်။ ကွန်ပျူတာမျက်နှာပြင်သည်လည်း မျက်လုံး အောက်စိုက်ကြည့်သည့် အနေအထားတွင် ရှိနေရမည်။ Standing Desk မတ်တပ်ရပ်ပြီး အသုံးပြုရသော စားပွဲမျိုး ဆိုရင်လည်း ကောင်းပါသည်။ ထိုင် အလုပ်လုပ်ရပါကလည်း မိနစ် ၃၀ ပြီးတိုင်း အကြောဆန့် အကြောလျော့ လေ့ကျင့်ခန်း ပြုလုပ်သင့်ပါသည်။
ပြုလုပ်ပုံတွေကိုတော့ ဗီဒီယို ထဲကနေဘဲ ကြည့်လိုက်ပါ။
Source
Lifehacker | Fix Your Posture with This Animated Guide to Sitting Right