ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ” စကားပုံ

ကုသိုလ် ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကုသိုလ်များစွာ ဖြစ်ရသကဲ့သို့ ကောင်းစေလို၍ လုပ်သော်လည်း လုပ်ပုံကိုင်ပုံ မလျော်ကန်လျှင် အကျိုး ထက် အပြစ် က များစွာ ပိုဖြစ်စေခြင်း ကို ရည်ညွှန်းသည်။

ဝီကီပီးဒီးယား | ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ

ပါချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ

စာအုပ်

ကုသိုလ် လုပ်ပြီး အကုသိုလ် ဖြစ်ရတာတွေ ရှိတယ်။

ကုသိုလ် ဆိုတာ လုပ်တတ်မှ ၊
မလုပ်တတ်ရင် အကုသိုလ် ဖြစ်တယ်။

ငရဲ တစ်ပိဿာ / ငရဲ ကြီးတယ် ဆိုတာ အပြစ် ကြီးတယ်အကုသိုလ် များတယ်။

အပါယ် (၄) ဘုံ

  1. ငရဲ
  2. တိရစ္ဆာန်
  3. ပြိတ္တာ
  4. အသူရကာယ်

သုတ္တန် ပါဋ္ဌိတော် မှာတော့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ – အပါယ် (၃) ဘုံ ပဲ ရေးတာ များတယ်။

ယဇ်

ယဇ >>> ယည >>> ယဇ်

ယဇ် ပူဇော်တယ် ဆိုတာ ကုသိုလ် ရချင်လို့ လုပ်တာ ၊ ကောင်းမယ် ထင်လို့ လုပ်တာ။ အကုသိုလ် ဖြစ်မယ် ထင်တယ် ဆို မလုပ်ဘူး။

ကာလိက (၄) ပါး

  1. ယာဝကာလိက
    ထမင်း၊ ဟင်း၊ မုန့်၊ စားစရာ၊ သောက်စရာ၊ ဆွမ်း၊ ဆွမ်းဟင်း၊ မုန့်၊ နံနက်စာ စားတဲ့ အသီးတွေ
  2. ယာမကာလိက
    အဖျော်ယမကာ
  3. သတ္တာဟကာလိက
    ‌ထောပတ်၊ ဆီဦး စတဲ့ ဆေးအဖြစ် သုံးတဲ့အရာတွေ
  4. ယာဝဇီဝိက
    မကျန်းမာလို့ သောက်ရတဲ့ဆေး

‌ရွှေကျင်ဆရာတော် ရဲ့ အလားတူ စကားပုံ

တစ်နှစ်တစ်ခါ ငရဲရှာ
လူ့ရွာ ဘုရားပွဲ

‌ရွှေကျင်ဆရာတော်