RGB

📷 D-libro Color Code – HEX and RGB

RGB – Red Green Blue နီ စိမ်း ပြာ အခြေခံအရောင် ၃ ခု ကို အခြေခံပြီး တွဲစပ်ထားတဲ့ အရောင်စနစ် တခု ဖြစ်ပါတယ်။ RGB ကို အင်တာနက် ဒီဂျစ်တယ် မှာ အသုံးများပါတယ်။

256

အရောင် တရောင် ကို သုည ၀ ကနေ ၂၅၅ အထိ ရှိတော့ ၂၅၆ မျိုး ပါ။

Hexadecimal / Base-16

0-9 ဆိုတာ Decimal / Base-10 , 0 & 1 ဆိုတာ Binual / Base-2 စနစ်တွေ ပါ။ ၁၆ မျိုး စနစ် မှာတော့ ဂဏန်းချည်း ပဲ မဟုတ်တော့ပါဘူး။ အက္ခရာ A, B, C, D, E, F – ၆ မျိုး ပါ ပါမှသာ ၁၆ မျိုး ပြည့်မှာပါ။ A=10, B=11, C=12, D=13, E=14, F=15

Hex Code

ပုံမှာ ပြထားတဲ့ အတိုင်းပဲ ပထမ ၂ ခု ကို အနီ ပါဝင်တဲ့ တန်ဖိုး ကို ဖော်ပြပြီး ဒုတိယ ၂ ခု ကတော့ အစိမ်း တန်ဖိုး နဲ့ နောက်ဆုံး ၂ လုံး ကတော့ အပြာ တန်ဖိုး ပါ။

0-F (16) x 0-F (16) = 256 မျိုး / အရောင် တရောင်

အရောင် အမျိုး အရေအတွက် = R 256 x G 256 x B 256 = 16,777,216

Black Color အမည်းရောင်

အမည်းရောင် ဆိုတာ မှောင်မဲနေတော့ ဘာ အရောင် မှ မရှိပါ။

HEX Code #000000
RGB (0, 0, 0)

White Color အဖြူရောင်

အဖြူရောင် ဆိုတာ အရောင်စုံ ပါပါတယ်။ အလင်း ကနေ ခွဲဖြာသွားရင် သက်တံ ပေါ်သလို မျိုးပဲ။

HEX Code #FFFFFF
RGB (255, 255, 255)

Color System