Credit Cards & Loans

Annual Percentage Rate (APR) & Effective APR

Credit Card တွေမှာ Annual Percentage Rate (APR) ကို အသုံးများ အပြောများသည်မှာ သင်လည်း ကြားဖူးရင် ကြားဖူးနေလိမ့်မည်။ APR သည် တစ်နှစ်တွင် Simple Interest နှုန်းဖြင့် ပေးရသော အတိုးနှုန်း။

ဥပမာ 22.9% (0.06274% Daily Periodic Rate) တစ်နှစ် အတိုးနှုန်း နဲ့ တစ်ရက် အတိုးနှုန်း။

တကယ်ပေးတော့ Bank တွေက Compound Interest နဲ့တွက်တာပေါ့။ အဲ့တာကို Effective APR လို့ခေါ်တယ်။

ဒါက ဂဏန်းသေးအောင်လုပ်ပြီး ညာတာ။ Simple Interest အတိုးနှုန်း ဆိုတော့ % နည်းတော့ ကိုယ်ချေးထားတာ ပေးရတဲ့ အတိုး သက်သာတယ် ထင်နေလိမ့်မယ်။ တကယ်တွက်တော့ Compound Interest နဲ့ပဲ တွက်တာပါ။ ကိုယ်က ဒါတွေ သိနေရင် ပိုကောင်းတယ်။

APR to Effective APR

ဥပမာ တစ်ခု ကို အဆင့်နဲ့ တွက်ကြည့်မယ်။ APR = 25%

တရက်တိုး Daily Periodic Rate ရှာမယ်။ Compound Interest ဖော်မြူလာနဲ့ တနှစ် ၃၆၅ရက် အတွက် တွက်မယ်။ အတိုးနှုန်း Rate ပြန်ရှာမယ်။

(1) Daily Periodic Rate

APR ကို Daily Periodic Rate ရအောင် ၃၆၅ နဲ့ စားမယ်။

Daily Periodic Rate = 25%/365 = 0.0685%

(2) Daily Periodic Amount

Daily Periodic Rate က % ဆိုတော့ 100 နဲ့ ထပ်စား။

0.0685% = 0.000685

(3) Compound Interest for 365 Days

Compound Interest နည်းနဲ့ တစ်နှစ်စာ တွက်မယ်။

(1+Daily Periodic Amount)^365

(1+0.000685)^365 = 1.2839

(4) Effective APR

Effective APR တွက်မယ်ဆိုရင် တစ်နှစ်စာအတိုးနှုန်းကို တစ် ပြန်နှုတ်။

Effective APR = 1.2839 – 1 = 0.2839 = 28.39%

Conclusion

APR = 25%
ငွေ ၁၀၀ ချေးရင် ၁နှစ်စာ အတိုး ၂၅ကျပ် ပေးရမည်။ ၁နှစ် ၂၅ကျပ်တိုးနှုန်း ဖြင့် အတိုးပေးရမည်။

တကယ် အတိုးနှုန်း Effective APR = 28.39%
ငွေ ၁၀၀ ချေးရင် ၁နှစ်စာ အတိုး ၂၈ကျပ် ၃၉ပြား ပေးရမည်။

ဘဏ် ၂ခု မှာ တခုက APR 25% နဲ့ ကြော်ငြာပြီး နောက်ဘဏ်၁ခု က Effective APR 27% နဲ့ ကြော်ငြာရင် အတိုးနှုန်း % နည်းတာတခုထဲ ကြည့်ရုံနဲ့ မရပါဘူး။ အပိုင်းကိန်းတွေမှာ မနှိုင်းယှဉ်ခင် ပိုင်းခြေညီအောင် အရင်လုပ်ရသလို – ဘဏ်၂ခု အတိုးနှုန်း ယှဉ်မယ် ဆိုရင်လည်း Effective APR အရင်တွက်သင့်ပါတယ်။


Institutional roles in issuing & processing Credit cards

Processors / Networks

Credit Card Network တည်ထောင် ထိန်းသိမ်း တဲ့ သူတွေ

E.g. VISA, MasterCard, UnionPay, JCB

မြန်မာနိုင်ငံမှာဆိုရင် Myanmar Payment Union (MPU)

Bank တွေဟာ Online ငွေကြေးစနစ်တွေ အတွက် Networks တွေနဲ့ ချိတ်ဆက်ရပါတယ်။

Network ပေါ်လစီ ကို ဘဏ် က လိုက်နာ အတည်ပြုလိုက်ပါက Member of Network အဖွဲ့ဝင် ဖြစ်သွားပါတယ်။

Credit Card တွေရဲ့ ဘယ်ဘက် အပေါ်မှာ Bank နာမည် ကို စာလုံးကြီးကြီး နဲ့ ရေးပါတယ်။

သူ့အောက်မှာတော့ Credit Card ကိုင်ဆောင်သူ အတွက် Unique ဖြစ်တဲ့ Number နဲ့ … ကိုင်ဆောင်သူ နာမည် နဲ့ ထုတ်ပေးတဲ့ရက်စွဲ စတာတွေ ပါ ပါတယ်။

ညာအောက် မှာတော့ Network / Processor နာမည် ကို ထည့်သွင်း ရိုက်နှိပ်ထားပါတယ်။

အခုဆိုရင် MPU ကနေ Debit Card ဘဲ ထုတ်တယ်ဆိုပေမယ့်လည်း VISA & MasterCard တို့နဲ့တော့ Debit or Credit card ထုတ်ပေးနိုင်လာပါပြီ။ MPU ကနေ အွန်လိုင်းရှော့ပင်း Online Shopping ဈေးဝယ်နိုင်အောင်တော့ သူ့ ဝက်ဆိုက်ဒ် ထဲသွားပြီး E-Commerce ထပ်လျှောက်ရပါတယ်။ အဲ့အတွက် ကုန်ကျငွေ မရှိပါဘူး။ နောက်အလျဉ်းသင့်ရင်တော့

1st Process – Authorization

မောင်မြ ဟာ ဘဏ်၁ မှာ ကဒ် လုပ်ထားတယ်။ စတိုးဆိုင် မှာ သွားဝယ်တော့ ငွေကို ကဒ်နဲ့ ချေတယ်။ စတိုးဆိုင်က ဘဏ်၂ မှာ ကဒ်လုပ်ထားတယ်။ ဒီအတွက် ဆိုရင် ဘဏ်၁ က Issuer။ ဘဏ်၂ က Acquirer။ ကဒ် က စက်ကို ဖြတ်လိုက်ချိန်မှာ … ဘဏ်၁ ကို လှမ်းအကြောင်းကြားတယ်။ ဒီကဒ်နံပါတ် နဲ့ ငွေပမာဏ။ ဘဏ်၁ ဘက်က စစ်ဆေးပြီး ကဒ်မှန်ကန်ကြောင်း နဲ့ ငွေပမာဏ ကိုလည်း လက်ခံနိုင်ကြောင်းကို Authorization ကို Network မှတဆင့် ထုတ်ပေးပါတယ်။

ငွေ တစ်ရာဖိုး ဝယ်သွားရင် စတိုးဆိုင်က ငွေတစ်ရာ အပြည့်ပြန်မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကြားထဲက Banks, Network တွေက Service ခ တွေ ဖြတ်ယူသွားလို့ပါ။ အနီးစပ်ဆုံး 2% ဝန်းကျင်လောက် ဖြတ်ပါတယ်။ ဒေါ်လာ ၁၀၀ လွှဲရင် ၂ ဒေါ်လာ ကို ဝန်ဆောင်ခ အနေနဲ့ ဖြတ်ပါတယ်။

အဲ့ထဲမှာမှ 1.7 ဒေါ်လာ (1.7%) ဘဏ်လွှဲခ ကို Interchange fee လို့ ခေါ်ပါတယ်။


Payday Loans

Payday Loan ကို “ရက်ပြန်တိုး” လို့ဘဲ ခေါ်ရမလား မသိဘူး။

လူအများစုတော့ ရက်ပြန်တိုး ဟာ သာမန် အတိုးနှုန်းတွေ ထက် များတယ်ဆိုတာ သိမယ် ထင်ပါတယ်။

ဒါပေမယ့်လည်း ပိုက်ဆံ အရေးပေါ်လိုတဲ့လူတွေကတော့ မတတ်သာတဲ့ အဆုံးတော့ သိသိ မသိသိ ရက်ပြန်တိုး နဲ့သာ ချေးငှါးကြရပါတယ်။

အရှင်းရှင် ငွေတိုးသမား တွေက Pay Stub, Pay Day, Bank Statement တွေကို ကြည့်ပါတယ်။

Pay Stub က ဘယ်လောက်အချိန်အတွင်းမှာ ကိုယ်ဘယ်လောက် ပိုက်ဆံ ရသလဲ။

Pay Day ဆိုတာက ဘယ်လောက်အကြာ ပြန်ဆပ်မလဲ။

Bank Statement ဆိုတာက အရင်က ဘယ်လောက်ချေးပြီး ပြန်ဆပ်ထားသလား။ ဘဏ်ထဲ လက်ရှိငွေ ဘယ်လောက် ရှိသလဲ။

ရက်ပြန်တိုး က ဘယ်လောက် များ သလဲ ဆိုတာ သိအောင် APR တွက်ကြည့်။

ပြီးရင် Effective APR ကို ထပ်တွက်ကြည့်။

APR ကို တွက်ရင် ပြူးတဲ့ မျက်လုံး Effective APR မှာ ပိုပြူးသွားလိမ့်မယ်။

ဒါကြောင့်လည်း တောဘက်တွေမှာ ငွေချေးတဲ့သူတွေ အလုပ်ကြိုးစားသော်ငြားလည်း ဆင်းရဲတွင်း နက်သထက် နက်နေတာနေမှာ။

ငွေတိုးချေးစားတဲ့သူတွေကတော့ တောသူဌေးတွေပေါ့။

ဗိုလ်ချုပ်အောင်ဆန်း ၏ အမေ ဒေါ်စု သည် အဲ့လို ငွေတိုးလည်း ချေးစားလို့ ဗိုလ်ချုပ်အောင်ဆန်း က အဲ့ လုပ်ရပ်ကို မကြိုက်။ အကြွေးစာရင်း ကို ဆွဲဖြဲပြီး တောင်သူတွေကို အကြွေး လျော်ခဲ့ဖူးသည် ဟု ဖတ်မှတ်ဖူးသည်။

One Reply to “Credit Cards & Loans”

Comments are closed.