Eat that Frog

Eat that Frog ဆိုတဲ့ အယူအဆ ဟာ အချိန်စီမံခန့်ခွဲမှု အကြောင်း ပြောရင် မပါမဖြစ် တဲ့ အယူအဆ တစ်ခု ဖြစ်ပါတယ်။ အမေရိကန် စာရေးစရာ Mark Twain ပြောဖူးတဲ့ စကားလေးတွေ ကနေ အဲ့အတွေးအခေါ် အယူအဆ ပေါက်ဖွားလာခဲ့တာပါ။

Eat that Frog ဖားသား စားတယ် ဆိုတာ မလုပ်ချင်ဆုံး အရာ တစ်ခု / အခက်အခဲဆုံး အရာ တစ်ခု … Important Task အရေးကြီးကိစ္စအလုပ် ကို ခက်ခဲလို့ အချိန်ဆွဲတာ နဲ့ နှိုင်းယှဉ်ပြထားတာ။

ဖား ၂ ကောင် ဆိုရင် အကြီးဆုံးကောင် အရင်စားခိုင်းတာ က အခက်ခဲဆုံး / အရေးကြီးဆုံး ကိစ္စ ကို အရင် လုပ်ခိုင်းတာ။ Do Most Important Task first.

ဖား တကောင်လုံး တလုပ်တည်း စားဖို့ ဆိုတာ ခက်ခဲပါတယ်။ အကောင်ကြီးရင် ကြီးသလို ပိုင်းပြီး စားပါ။ ဒီလိုပါပဲ အလုပ်ကိစ္စ Task က ကြီးရင် ကြီးသလို Sub-Task လေးတွေ ခွဲပြီး လုပ်သွားပါ။

အကယ်၍ သင့် အလုပ် က ဖား တကောင် စားဖို့ ဆိုရင်
မနက်ပိုင်း အရင်ဆုံး လုပ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

အကယ်၍ သင့် အလုပ် က ဖား နှစ်ကောင် စားဖို့ ဆိုရင်တော့
အကြီးဆုံး အကောင် ကို အရင်ဆုံး စားတာ အကောင်းဆုံး ပါ။

Mark Twain

မနက်ပိုင်း ဖားအရှင် တကောင် အရင် စားပါ။
အဲ့နေ့ မှာ ဒီထက် ဆိုးတဲ့ ကိစ္စ သင် ကြုံတွေ့တော့ မှာ မဟုတ်တော့ဘူး။

Mark Twain

Brain Tracy – Eat that Frog
21 Great Ways to Stop Procrastinating & Get More Done in Less Time

Eat that Frog

ကနေဒါ-အမေရိကန် စာရေးဆရာ နှင့် Motivational Speaker စိတ်လှုံ့ဆော်ရေး ဟောပြောသူ / အောင်မြင်ရေးဆရာ Brian Tracy က Eat that Frog နာမည် ဖြင့် စာအုပ် ထုတ်ဝေပြီး ရောင်းအား အကောင်းဆုံး စာရင်းဝင် ဖြစ်ခဲ့ပါတယ်။

  1. Define your Purpose
  2. Plan Everyday
  3. 80/20 Rule
  4. Think Long-term
  5. Practice Creative Procrastination
  6. ABCDE Method
  7. Focus on Key Result Areas (KRAs)
  8. The Law of Three
  9. Prepare Thoroughly
  10. One Step at a Time
  11. Upgrade your Key Skills
  12. Identify your Key Constraints
  13. Put the Pressure on yourself
  14. Motivate yourself into Action
  15. Technology is a Terrible Master
  16. Technology is a Wonderful Servant
  17. Focus your Attention
  18. Slice & Dice the Task
  19. Create Large Chunks of Time
  20. Develop a Sense of Urgency
  21. Single Handle Every Task

CURI – ရုပ်ဆိုးတဲ့ဖား ကို အရင် စားပါ

မနက်မိုးလင်းတာနဲ့ ဖားအရှင်တစ်ကောင်ကို အရင်ဆုံး စားရမယ်လို့ စဥ်းစားကြည့်ပါ။

တကယ်ကြီး စားပြီးသွားတဲ့အခါ တစ်နေ့တာလုံးမှာ အဲဒီထက် ပိုဆိုးတဲ့အရာ မကြုံတွေ့နိုင်တော့ဘူးဆိုတဲ့ စိတ်သက်သာရာရမှုမျိုးနဲ့ ဖြတ်သန်းနိုင်ပါလိမ့်မယ်။

ဒီအယူအဆကို Mark Twain က ကိုယ်လုပ်ဖို့ အပျင်းဆုံး၊ အကြောက်ဆုံးနဲ့ အချိန်အဆွဲချင်ဆုံး “အရေးကြီးဆုံးအလုပ်” ကို အကျဥ်းအတန်ဆုံး ဖားနဲ့ နှိုင်းယှဥ်တင်စားပြီး Eat that frog ဆိုတဲ့ စာအုပ်ကိုရေးခဲ့ပါတယ်။

စာအုပ်ထဲမှာ အဓိက ပြောထားတာတွေက –

ကျွန်တော်တို့ တစ်နေ့တာရဲ့ အလုပ် ၂၀% ကသာ ရလဒ် ၈၀% ကို ပေးတာပါ။ ဒါပေမဲ့ လူအများစုက ရုပ်ဆိုးတဲ့ “ဖားကြီး” ကို မစားဘဲ (အဓိကအလုပ်ကို အရင်မလုပ်ဘဲ) အရေးမပါတဲ့ အလုပ်အသေးလေးတွေမှာ အချိန်ဖြုန်းနေတတ်ကြပါတယ်။

အောင်မြင်မှုဆိုတာ တစ်သက်မှာ တစ်ခါပဲ လုပ်လိုက်လို့ရတဲ့အရာမဟုတ်ပါဘူး။ နေ့စဉ် ကိုယ့်ရဲ့ ဦးစားပေးအလုပ်ကို အရင်ဆုံးပြီးအောင်လုပ်တဲ့ Consistency ရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

နေ့စဉ် ၁% တိုးတက်အောင် လုပ်တဲ့သူက တစ်နှစ်ကြာတဲ့အခါ အရင်ကထက် ၃၇ ဆ ပိုကောင်းလာတတ်ပါတယ်။ အခုအချိန်မှာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အရေးမကြီးပါဘူး။ အရေးကြီးတာက ကိုယ်သွားနေတဲ့ “လမ်းကြောင်း” မှန်ဖို့ပါပဲ။ ကိုယ့်ခြေလှမ်း၊ ကိုယ့် Flow နဲ့ကိုယ်ပဲ သွားလို့ရပါတယ်။ တစ်ခုခု ကျွမ်းကျင်ဖို့ ၊ အောင်မြင်ဖို့ ဆိုတာ အချိန်ပေးရပါတယ်။