ကုဋေ ၈၀ သူဌေးသား သူဌေးသမီး

ကုဋေ ၈၀ သူဌေးသား သူဌေးသမီး အကြောင်း ငယ်ငယ်ကတော့ ကျောင်းစာမှာ သင်ရပေမယ့် ပါချုပ်ဆရာတော်ကြီး ဟောကြားမှ အချိန်ရှိခိုက် လုံ့လစိုက်ကာ အမြော်အမြင်ရှိစွာ အသုံးချတတ်ဖို့ မြတ်စွာဘုရား ဟောကြားတော်မူတာ ဆင်ခြင်မိပါတယ်။

ကုဋေ Crore

ကုဋေ Crore ဆိုတာ သိန်းတရာ ပါ။ 107 = တစ်နောက်မှာ သုည ၇ လုံး ပါ။ သိန်း Lakh နှင့် ကုဋေ Crore တို့ က အိန္ဒိယ ဂဏန်းသင်္ချာ ကနေ ဆင်းသက်လာပြီး အသုံးများပါတယ်။

ပညာတတ်တယ်

‌ကျောင်းပညာရေး ပြီးမှ / ဘွဲ့ရမှ ပညာတတ်တယ် မဟုတ်ပါဘူး။

အမှား/အမှန် ၊ အကောင်း/အဆိုး ၊ အကျိုး/အကြောင်း ပိုင်းခြားသိမြင်နိုင်တာ ကို ပညာတတ်တယ် လို့ ခေါ်တာပါ။

စီးပွားရှာဖို့ ပညာသင်တယ်

ဒီလို အတွေးအခေါ်မျိုး မထားသင့်ကြောင်း ကုဋေ ၈၀ သူဌေးသားသမီး ဥပမာကြည့် သင်ခန်းစာ ယူပါ။

ပထမ အရွယ် ၊ ဒုတိယ အရွယ် ၊ တတိယ အရွယ်

လူ့သက်တမ်း ၇၅ နှစ် အပိုင်းအခြား မှာ
ပထမ အရွယ် – ၀-၂၅ နှစ်
ဒုတိယ အရွယ် – ၂၆-၅၀ နှစ်
တတိယ အရွယ် – ၅၁-၇၅ နှစ်

ပညာရှာ၊ စီးပွားရှာ၊ တရားရှာ

ပထမ အရွယ် ပညာရှာ
ဒုတိယ အရွယ် စီးပွားရှာ
တတိယ အရွယ် တရားရှာ

ဒီလိုမျိုး ပြောလေ့ ရှိပေမယ့် … မြတ်စွာဘုရား က အဲ့လိုမျိုး မဟောထားပါဘူး။

‌ဟောကြားထားတာ က

ပထမ အရွယ် ကတည်းက ပညာ (စီးပွား/တရား) ရှာထားရင်
စီးပွားရေး ဘက်လိုက်ရင် ပထမတန်းစား သူဌေး
တရားဓမ္မ ဘက်လိုက်ရင် ရဟန္တာ / အနာဂါမ်

ဒုတိယ အရွယ် မှ စတင် ကြိုးစားပြီး ပညာ (စီးပွား/တရား) ရှာရင်တော့
စီးပွားရေး ဘက်လိုက်ရင် ဒုတိယတန်းစား သူဌေး
တရားဓမ္မ ဘက်လိုက်ရင် အနာဂါမ် / သကဒါဂါမ်

တတိယ အရွယ် မှ စတင် ကြိုးစားပြီး ပညာ (စီးပွား/တရား) ရှာရင်တော့
စီးပွားရေး ဘက်လိုက်ရင် တတိယတန်းစား သူဌေး
တရားဓမ္မ ဘက်လိုက်ရင် အနာဂါမ် / သောတာပန်

တတိယ အရွယ် ကျော်လွန်သွားပြီတော့ မီးစာ ကုန်ဆုံးသွားလို့ ဘာ အခြေအနေ မှ မရှိတော့ဘူး။

ပညာ ဆိုတဲ့ အထဲမှာ စီးပွားရေး / အလုပ်အကိုင်ပညာ နှင့် တရားဓမ္မ တို့လည်း ပါဝင်တာပါ။

‌စောစော စတင်နိုင်လေ ကောင်းလေ ပဲ။
ဒါပေမယ့် မလုပ်ဖြစ်ခဲ့ရင်လည်း
စတင်ဖို့ နောက်ထပ် အကောင်းဆုံး အချိန် က
အခုအချိန် ပဲ။

ဘယ်အရွယ် ရောက်ရောက်
ပညာရှာ၊ စီးပွားလည်းရှာ၊ တရားလည်း ရှာကြပါ။

.\rrr\uu