အိန္ဒိယ ဂဏန်း သင်္ချာ စနစ် က တော့ အင်တာနယ်ရှင်နယ် နဲ့ ဆင်တူတာ ရှိသလို ကွာခြားတာလည်း ရှိပါတယ်။
ဆင်တူတာ ကတော့ ကော်မာခံတာ ဖြစ်ပါတယ်။
ကွဲပြားတာ ကတော့ အောက် က ဇယား ကို ကြည့်ပါက ပိုကောင်းပါမည်။
| 10X | Myanmar | India | Int’l |
|---|---|---|---|
| 0 | ခု | 1 One | 1 One |
| 1 | ဆယ် | 10 Ten | 10 Ten |
| 2 | ရာ | 100 Hundred | 100 Hundred |
| 3 | ထောင် | 1,000 Thousand | 1,000 Thousand |
| 4 | သောင်း | 10,000 Ten Thousand | 10,000 Ten Thousand |
| 5 | သိန်း | 1,00,000 Lakh | 100,000 Hundred Thousand |
| 6 | သန်း | 10,00,000 Ten Lakh | 1,000,000 Million |
| 7 | ကုဋေ | 1,00,00,000 Crore | 10,000,000 Ten Million |
| 8 | ဆယ်ကုဋေ | 10,00,00,000 Ten Crore | 100,000,000 Hundred Million |
| 9 | ရာကုဋေ | 100,00,00,000 Hundred Crore | 1,000,000,000 Billion |
Zero သုည
သုည ကို အိန္ဒိယ လူမျိုး တီထွင်ခဲ့တယ် လို့ ကြားဖူးတယ်။ ဂဏန်းသင်္ချာ အတွက် အရေးပါတဲ့ တီထွင်မှု ဖြစ်ပါတယ်။
Lakh သိန်း
မြန်မာနိုင်ငံ မှာတော့ သိန်း ဂဏန်း ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြတာ ကို တွေ့ရမည်။ တသန်း ထက် စာရင် ဆယ်သိန်း လို့ သာ လူ တော်တော်များများ ပြောကြဆိုကြသည်။ ဒါတွေ က Informal အသုံး တွေပါ။ သန်း ဂဏန်း ဖြစ်တဲ့ Formal ကို အစိုးရ သတင်းစာ မှာ တွေ့နိုင်ပါတယ်။
Crore ကုဋေ
အိန္ဒိယ ဂဏန်းသင်္ချာ မှာ Crore ဖြစ်တဲ့ ကုဋေ က အကြီးဆုံး ပါ။ ဒါကလည်း ၇ လုံး တဖြတ် ဖြစ်တဲ့ ပါဋ္ဌိ/မြန်မာ နဲ့ ပြန် ကိုက်ညီနေပါတယ်။
