The Longest Ride [2015]

Ira Levinson ဆုံးသွားပြီ ဖြစ်လို့ သူ့သဘော အတိုင်း သူ့ဇနီး Ruth နှင့် အတူတူ စုဆောင်းထားတဲ့ ပန်းချီကားတွေ လေလံပစ်ပွဲ မှာ သေတမ်းစာ ဖတ်ပြသွားတဲ့ စကားလေးပါ။

My name is Ira Levinson.
I’m an ordinary man who fell in love with an extraordinary woman.
Around this room, you will see some beautiful and priceless works of art.
Ruth had an incredible eye for talent …
… while I only had eyes for her.
For me the great joy of collecting wasn’t in the art itself …
… but in the person I collected it with.
My beloved Ruth.
The happiness these paintings brought her was immeasurable.
And sharing that happiness …
… was the great privilege of my life.
We celebrated, we achieved.
We endured, we compromised.
And above all …
… we loved.
The true work of art …
was the longest ride, Ruth and I shared.
This thing called life.
There’s not a painting here
I wouldn’t trade in a heartbeat to hear her voice.
Or see her smile.
Just one more time.
Signed, Ira Levinson.

Ruth ပုံရိပ် ပန်းချီကား ကို စတင် လေလံပစ် ပါတယ်။

ပန်းချီစုဆောင်းသူတွေ စိတ်ဝင်စားတာက သူတို့ စုဆောင်းထားတဲ့ လက်ရာကောင်း ပန်ချီတွေ။ Ruth ပုံရိပ် ပန်းချီ က နာမည်ကြီး လက်ရာ မဟုတ်လို့ တစ်ယောက်မှ ယူမယ့်သူ မရှိသဖြင့် ကြမ်းခင်းဈေး ဒေါ်လာ တစ်ထောင် ကနေ ရှစ်ရာ ၊ အဲ့ကနေမှ ခြောက်ရာ။ အဲ့ကျတော့မှ မင်းသား Luke က ဝယ်သွားတယ်။

အဲ့မှာ အဘိုးကြီး ရဲ့ ရှေ့နေ့ဖြစ်သူ က နောက် စာ တစ်စောင် ထုတ်ဖတ်ပြန်ပါတယ်။

Ruth ပုံရိပ် ပန်းချီကား က တန်ဖိုး အရှိဆုံး မဟုတ်ပေမယ့်လည်း Ira အတွက်ကတော့ သူ့ဇနီး ပုံရိပ်ဖြစ်သဖြင့် တန်ဖိုး အထားဆုံး ပါ။ Ruth ပုံရိပ် ပန်းချီကား လေလံအောင်တဲ့သူ ဟာ ကျန်တန်ဖိုးကြီး ပန်းချီကား အားလုံး ပိုင်ဆိုင်သူ ဖြစ်ကြောင်း ပြောပြီး လေလံပွဲ သိမ်းပလိုက်ပါတယ်။ ထိုကဲ့သို့ ကြေငြာ အပြီး မှာတော့ Luke ထံကို ဈေးလာပေးကြသူတွေနဲ့ ဆူညံပွက်လော ထကုန်တယ်။

ဒါပေမယ့်လည်း သူတို့ က အဘိုးကြီး အဘွားကြီး နာမည် နဲ့ပဲ ပန်းချီကားတွေ ကို ပြတိုက် အဖြစ်နဲ့သာ ပန်းချီတွေ ကို ပြသထားကြပါတယ်။

မင်းသမီး Sophia က နောက်ဆုံးခန်းမှာ မင်းသား Luke ကို ပြောတဲ့ စကားလေး ကတော့ စားတယ်ဗျာ။

What takes you so long ?
ဘာတွေက အဲ့လောက် အချိန်ကြာနေရတာလဲ ???

စကားလေး က ရှင်းရှင်းလေးပါပဲ။

ငါ နှလုံးသား ဆီကို ရောက်ဖို့ နင့်ကို ဘာတွေက ကြန့်ကြာစေပြီး အချိန်ယူနေရသလဲ လို့ ဆီလျော်အောင် ဘာသာပြန်ရမယ် ထင်တယ်။

ကြည့်ရတာ မျှော်လင့်နေရတာ မောပန်းနေတဲ့ သဘောလည်း ပါ ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *