ငါးဖမ်းသမား က သူဘာလိုချင်သလဲ ဆိုတာ သူသိတယ်။ သူလိုချင်တာ သူ ရလည်း ရနေတယ်။
စီးပွားရေးသမား က လောဘကြီးတယ်။ တစ်နည်း ကြိုးစားပြီး တစ်ခုခု ရစေချင်တယ်။
မေးခွန်းတွေရဲ့ အဖြေ ဟာ သူ ရနေပြီးသား ဖြစ်နေတယ်။
သူ ဘာကြောင့် ကြိုးစား လောဘတက်နေတော့မှာလဲ။
သူ့မှာ ပျော်ရွှင် ပြည့်စုံ တဲ့ ဘဝ ပိုင်ဆိုင်ထားပြီး ပြီလေ။
လူတိုင်း သာ ငါးဖမ်းသမား လို လူမျိုး ဆိုရင် ကမ္ဘာကြီး ငြိမ်းချမ်းနေမည် မှာ သေချာသည်။
ကမ္ဘာကြီး ပျက်နေတာက ငွေမျက်နှာ တစ်ခုတည်း ကြည့်ပြီး လောဘကြီးတဲ့ လူတစ်စု ကြောင့်သာ။
ငါးဖမ်းသမား ၏ မူလ အခြေအနေ (Status quo) မပျက်သရွေ့တော့ သူတို့မိသားစု ဒီလို နေနိုင်ပေလိမ့်မည်။
ပျက်မှ ပျာပျာယာယာ ဖြစ်တာထက် ကိုယ်က တစ်လှမ်းသာနေဖို့ လိုသည်။
လောဘ အတင်းကြီး ခိုင်းနေတာ မဟုတ်သလို မကြီး ခိုင်းတာလည်း မဟုတ်ပါ။
အမျှော်အမြင် ရှိရှိ ဖြင့် ကိုယ့် ပျော်ရွှင်မှု လည်း မပျောက်ပျက်စေဘဲ ကိုယ့်မှာ ရွေးချယ်စရာ များစွာ ရှိနေအောင် လုပ်ထားစေချင်လို့ပါ။