တညင်းသီး Djenkol Bean
တညင်းသီး က အဆိပ် ပါ … ရေနဲ့ ပြုတ်ရင် အဆိပ် နည်းတာပဲ ရှိရင် ရှိမယ် … လုံးဝတော့ အဆိပ် မရှိတော့မှာ မဟုတ်ဘူး …
အသည်း က မဖယ်ရှားနိုင်တဲ့ အဆိပ် က ကျောက်ကပ် ကို ပြန်စွန့်။ တညင်းသီး အဆိပ် က ကျောက်ကပ်ပြွန်လေးတွေ မှာ သွားပိတ် … နောက်တော့ ကျောက်ကပ်ပျက် … ကျောက်ကပ် က ၂ ခု ရှိတယ် … ၁ခု ပျက်လည်း ကျန် ၁ခု နဲ့ ဆို အသက်ဆက်လို့ ရတယ် … တညင်းသီး စားလို့ ပျက်ရင် ၂ဘက်စလုံး ပျက်တာ။
ကျောက်ကပ်ပျက်လို့ ကျောက်ကပ်ဆေး ရမယ် … ကျောက်ကပ်ဆေးတဲ့သူတွေ က ကိုယ့်အနီးအနား ပတ်ဝန်းကျင် မှာလည်း ရှိမှာပဲ … မဆေးရင် နေလို့ မကောင်း၊ အရင်လို မကျန်းမာတော့၊ မဆေးတာ ကြာလာရင် ယားယံလာ … ဆေးမှ သက်သာသွား … ဆေးတာ ကြာလာရင်လည်း ပိုက်ဆံကုန်၊ လူရုပ်ပြောင်း၊ အသားအရည်ထိုင်းမှိုင်းလာ …
ဒီလောက် အာဟာရ မဖြစ် … ကောင်းကျိုး မပေးတဲ့ တညင်းသီး ကို ခံတွင်း အရသာ တခု ပဲ အတွက်နဲ့ စားနေတာ မကောင်း … နောက်ဆက်တွဲ ကျောက်ကပ်ပျက် ကျောက်ကပ်ဆေးနေရတဲ့ အခြေအနေ ကို မြင်ယောင်ကာ ရှောင်ကြဉ်ဖို့ တိုက်တွန်းလိုက်ရပါတယ် …

Reference
Department of Consumer Affair (DOCA) စားသုံးသူရေးရာ ဦးစီးဌာန
ရာသီပေါ် ဒညင်းသီး သို့မဟုတ် အနံ့ပြင်းပြင်း အဆိပ်ပြင်းပြင်း