Executive Dream

အိမ်မက်လေး တဖြတ် …

အိမ်မက်လေး ရှိမှ အလုပ်လုပ်ရတာ အား ရှိလာတယ်။ မျှော်လင့်ချက် ရှိလာတယ်။

ဖြစ်ချင်တာတွေ ရှိမှ ဖြစ်လာအောင် လုပ်လို့ ရတာပါ။

Executive Room

ကျနော် တယောက်တည်း အလုပ်လုပ်ရတဲ့အချိန်တွေမှာ အနှောင့်အယှက်တွေ ရှိနေတာ မကြိုက်ဘူး။ တယောက်တည်း အေးအေးဆေးဆေး ပဲ အလုပ်လုပ်ချင်တယ်။ ဆူညံသံတွေ၊ စကားပြောသံတွေ၊ ဖုန်းခေါ်ဆိုမှုတွေ Distractions ကို သိပ်မကြိုက်ဘူး။ အလုပ်တွေ ဟိုတခု ဒီတခု ဆိုရင် ခေါင်းကိုက် ခေါင်းခြောက်လာပြီ။ တခု ပြီး တခု ပဲ လုပ်ချင်တယ်။

  • ဖုန်း ကို Silent လုပ်ထားမယ်။
  • ဖုန်းနံပါတ်တွေ တော်ရုံ မပေးတော့ဘူး။
  • အပြင်မှာ အလုပ်ကိစ္စအတွက် Secretary အတွင်းရေးမှူး or Assistant လက်ထောက် ထားမယ်။
  • အပြင်သံတွေ မကြားရအောင် အသံလုံတဲ့ အခန်း ဖြစ်ရမယ်။

Executive Desk

အလုပ်စားပွဲ အကြီးကြီးကိုမှ L-shaped ဖြစ်နိုင်ရင် U-shaped တပတ်လည် ရှိတာကို သဘောကျတယ်။ စားပွဲ တခုလုံး တပြေးညီ ဖြစ်တာမျိုး ကို ပိုလိုချင်တယ်။ အောက်ဘက် ရှေ့အပိတ်လေး လည်း ပါရမယ်။

ကျနော့်အကျင့်တခု က ကျနော့်နောက်မှာ ဘာမှမရှိတာကို သဘောကျတယ်။
လူရော၊ ဗီဒိုရော၊ ဘာမှ မရှိလေ ကောင်းလေပဲ။

Battle Station Computer နဲ့ အလုပ်စားပွဲ နဲ့ တွဲမှာ။ ကိုယ့်ရဲ့ ဘယ် (သို့) ညာဘက်မှာ ကွန်ပျူတာ ဆင်ထားမယ်။

Executive Computers

Desktop အထိုင် ၁လုံး နဲ့ Laptop သယ်သွားလို့ ရတဲ့ ၁လုံး – ၂လုံး‌ တော့ လိုပါလိမ့်မယ်။

Apple Ecosystem ထဲမှာပဲ နေပြီး ကွန်ပျူတာ ၂ခု အပြင် iPhone, iPad, AirPod Pro တို့နဲ့ဆို အဆင်ပြေနေပါပြီ။