ယူကေ အင်္ဂလန်နိုင်ငံ မှ Action Deafness (https://actiondeafness.org.uk/) Deaf-Led Charity နားလေးသူ ဦးဆောင်တဲ့ ပရဟိတအဖွဲ့အစည်း အတွက် Graphic Designer Euan Carter (https://euancarter.com/) ရဲ့ Typography တွေက Message သတင်းစကား ပေးထားတာ မြင်တွေ့ရမှာပါ။
Speak One at a Time
နားလေးတဲ့သူ အဖို့ လူအများ တပြိုင်နက်တည်း စကားပြောတာတို့၊ ဆူညံသံထဲမှာ စကားပြောတာတို့ ဆို နားထောင်ရတာ မလွယ်ကူပါဘူး။ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ တစ်ယောက်ချင်းစီ က စကား အဖြတ်အတောက်နဲ့ ပြောပါက ပိုနားလည်စေပါတယ်။
Mumble
Mumble ဆိုတာ ဝူးဝူးဝါးဝါး လုပ်တာ။ အဲ့လို လုပ်နေရင် ငါ သေချာ မကြားရဘူးတဲ့။ နားလေးတဲ့သူတွေမှာ ညာသံ/အမြင့်သံတွေ ပိုဆိုး/ပိုလေးနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ စကားပြောသံတွေကို ဘယ်သံ/အနိမ့်သံ ပိုကြားရပြီး ဝူးဝူးဝါးဝါး လုပ်နေတယ် ပြောနေတယ် လို့ ထင်တာ ဖြစ်ပါတယ်။
Face Me
Face Me ငါနဲ့ မျက်နှာချင်းဆိုင် နေပါ။ ဒါမှမဟုတ်ရင် ငါ သေချာ မကြားရဘူး။ နားလေးတာ အခြေအနေ သိပ်မဆိုးသေးတဲ့သူတွေက အသံ မကြားရတာ မဟုတ်ဘဲ ကြားရပေမယ့် စကား သေချာ နားမလည်တာပါ။ ပုံမှန် နားအကြားကောင်းသူ အဖို့ ရုတ်တရက် စကား လှမ်းပြောလိုက်တာကို သတိထား ကြားမိ နားလည်နိုင်ပေမယ့် နားလေးသူ အဖို့ ကတော့ အသံတော့ ကြားလိုက်တယ်။ ဘာပြောမှန်း အထိတော့ သတိထား မကြားမိနိုင်ပါဘူး။ ဒါကြောင့် နားလေးသူ ကို အသံ ဖြင့် အရင်ခေါ်ပါ။ နောက်မှ နှစ်ယောက်သား မျက်နှာချင်းဆိုင် စကားပြောကြပါ။ နောက်ထပ် သတိထားရမှာ တခု ကိုတော့ နောက်တခု ဆက်ကြည့်လိုက်ပါ။
Cover the Mouth?
နားလေးသူ အဖို့ က စကား သေချာ မကြားနိုင်တော့ကြောင့် ကြားရအောင် အားစိုက်ထုတ်ရပါတယ်။ စကား အဓိပ္ပါယ် နားလည်ဖို့ ရနိုင်တဲ့ သဲလွန်စတွေကနေ ခန့်မှန်းတတ်ကြပါတယ်။ ပါးစပ်လှုပ်ပုံတို့၊ လက်ဟန် ခြေဟန် စသဖြင့်။ ကိုဗစ်မှာ တော်တော်များများ Mask တပ်တော့ နားလေးသူတွေအဖို့ စကား နားလည်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် Typography အတိုင်း ပါးစပ်ကို ကာထားရင် ငါကောင်းကောင်း မကြားရဘူး။
AURA Healthcare
အပေါ်က ပုံစံအတိုင်း ဖြစ်နေရင် နားလေးနိုင်တာမို့ ဘယ်လောက် နားလေးလဲ ဆိုတာ စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက နားကြားကိရိယာ တပ်သင့်ပါတယ်။ ဒါမှသာ နားလေးခြင်း နောက်ကွယ်က ဆိုးကျိုးတွေကို ရှောင်နိုင်မှာ ဖြစ်ပါတယ်။